အမျိုးသမီးများလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးဖြစ်နိုင်

Friday, August 17, 20120 မှတ်ချက်


သတ်မှတ်အရည်အချင်းနှင့်ပြည့်မီပါက အမျိုးသားဖြစ်စေ/အမျိုးသမီးဖြစ်စေ ရပ်ကွက်(၀ါ)ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ယနေ့ပြောကြားသည်။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ်အရည်အချင်းများအား ပြီးခဲ့သည့်မတ်လ၂၈ ရက်က နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် ပါရှိသည်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံလိုသူများသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွား သူများဖြစ်ရ ခြင်း၊ မိမိအရွေးချယ်ခံရမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ် နေထိုင်သူဖြစ်ရခြင်း။ ကျန်းမာရေး ကောင်းမွန်ပြီး ပညာအရည်အချင်းအသင့်အတင့် ရှိရမည်ဖြစ်ပြီး အထိုက် အလျောက် စားဝတ်နေရေးဖူလုံသူဖြစ်ရခြင်း၊ မတရားအသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့် အချက်များ ဥပဒေတွင် ပါရှိသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ၁၅ ရက်မြောက်နေ့ တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဆေအွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်ထဲရေးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင်အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။ ဒေါ်နန်းဆေအွာက ကရင်ပြည်နယ်ရှိ ကျေးရွာအချို့တွင် ပြသနာများကို သိမ့်မွေ့စွာ ဖြေရှင်းနိုင်သော ပိုပြီးညင်သာစွာ ပြောဆိုတတ်သော အမျိုးသမီးများကို ကျေးရွာလူကြီးအဖြစ် ခန့်အပ်ထားရှိကြကြောင်း ကျိုးကြောင်းပြ ပြောဆို သောကြောင့် ယင်းမေးခွန်းအား မေးမြန်းခြင်း ဖြစ်သည်။ ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေထုတ်ပြန်ပြီးပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လစငွေခုနှစ်သောင်းနှင့် ရုံးအသုံးစရိတ်ငါးသောင်း လစဉ်ထောက်ပံ့မည်ဖြစ်ကြောင်း ဒုဝန်ကြီးက မေးခွန်းအား ဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။ မြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၆၆၇၉ ခုအတွက် လစဉ်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ်ပေးဆောင်ရန်အတွက် တစ်နှစ်လျှင် ငွေကျပ်သန်းပေါင်း ၂၄၀၀၀ ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်းသိရသည်။
သြဂုတ်(၂)ရက်နေ့ထုတ် 7day news မှ မူရင်းအတိုင်း ဖေါ်ပြလိုက်ခြင်းဖြစ်သည်။
ထိုသို့အပြောင်းအလဲ သက်မှတ်ခြင်းအပေါ် ပလက်ဝမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်၊ ပြန်ဆက်ဦးစီးအရာရှိ ဦးကျော်ဦး၊ အားကာမှူး ဦးဦးထွန်း၊ မြို့နယ်အုပ်ရေးမှူးရုံးမှ စာရေးကြီးဦးအောင်ဖါ၊ စာရေးကြီး ဦးထွန်းလင်းတို့သည် ကျေးရွာ အသီးသီးမှ အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရန် ပလက်ဝမှ မီးဇာရွာ၊ အထက်သဲမ၀၊ ဒလက်မေ၊ င/ရှား ကျေးရွာ စသည့် ကျေးရွာ များသို့ ခရီးထွက်ခွာလျက်ရှိသည်။

khuteicha
palangvum
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger