ချင်းတောင်တီးတိန်မြို့ ကို ခရိုင်ရုံးစိုက်မြို့ ရရှိ ရေးဒေသခံတို့ ဆက်လက် တောင်းဆိုသွားမည်

Thursday, August 16, 20120 မှတ်ချက်

Photo : The Hot News Weekly
ချင်းပြည်နယ်တီးတိန်မြို့ ကိုခရိုင်ရုံးစိုက်မြို့ ဖြစ်လာစေရန် ပြီးခဲ့သည့်ဇွန်လအတွင်းကကျင်းပခဲ့သော ၊ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တီးတိန်ကိုယ်စားလှယ် များကတောင်းဆိုခဲ့သည့်အတွက်မဲခွဲဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီးတီးတိန်ဒေသခံတို့ကခရိုင်မြို့ ရရှိ့သည် အထိတာင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။ ““ပြည်ထဲရေးဝန်ကြီးဌာနကိုစာအမှတ်(၇/၂၀
၁၂)နှင့်တင်ပြတောင်းခံခဲ့ပါတယ်ဟားခါးခရိုင်မှာထန်တလန်မြို့ နယ်ပေါ့နော်၊ဖလမ်းမြို့ နယ် မှာရိဒ်ခေါရ်ဒါးရ်မြို့ နယ်ခွဲ၊တီးတိန်မှာတွန်းဇံနှင့်ကျီခါးမြို့ နယ်ခွဲကိစ္စတွေပါဝင်ပါတယ်။နောက်တစ်ခုကတီးတိန်မြို့ နယ်အနေနှင့်ခရိုင်ကိစ္စသွားရမယ်ဆိုရင် တီးတိန်ကနေကလေးမြို့ ကိုဆင်း၊ကလေးမြို့ မှာတစ်ညအိပ်ပြီးမှဖလမ်းခရိုင်မြို့ ကိုပြန်တက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုက ချင်းပြည်နယ်မြို့ တော်ဟားခါးနှင့်ဖလမ်းကမိုင်(၄၀)ဝေးတယ်၊တီးတိန်နှင့်ဖလမ်းကမိုင်(၁၀၀)ဝေးတယ်။ပြည်နယ်မြို့ တော်ဟားခါး(ခရိုင်မြို့ ) နှင့်ဖလမ်းခရိုင်က(ဖလမ်းမြို့ )မိုင်(၄၀)မှာခရိုင်မြို့ (၂)မြို့ ဖြစ်နေတယ်။နည်းနည်းဝေးတဲ့တီးတိန်ကိုခရိုင်မြို့ အဖြစ်ဘာလို့မပေးနိုင်ရတာလဲ၊စီမံ ခန့်ခွဲမှုပိုမကောင်းလာဘူးလား။””—ဟုတီးတိန်ခရိုင်ရရှိ့ရေးကော်မတီမှဦးထန်ပီးမှပြောသည်။ 
 
တီးတိန်မြို့ သည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကျသောမြို့ တစ်မြို့ ဖြစ်ပြီးချင်းပြည်နယ်၏မြောက်ဘက်ထိပ်ဖျားတွင်ကျယ်ဝန်းသောမြို့ နယ်မြေဧရိယာကိုပိုင်ဆိုင် သောမြို့ ဖြစ်သည်။ချင်းတောင်တွင်ယခင်ကာလကတောင်ပိုင်းချင်းတောင်၊မြောက်ပိုင်းချင်းတောင်၊မင်းတပ်ခရိုင်၊ဖလမ်းခရိုင်ဟူ၍တည်ရှိ့ခဲ့ပြီးယခုအခါမြို့ များခရိုင်များတိုးချဲ့ သတ်မှတ်ပေးခြင်းဖြစ်သည်။ယခုခရိုင်ရုံးစိုက်သောဖလမ်းခရိုင်နှင့်တီးတိန်မြို့ မှာ(၁၂၂)မိုင်ဝေးသည်။ဖလမ်းမြို့ နှင့်တီးတိန်နယ်တွန်းဇန်မြို့ ဆိုလျှင်မိုင်(၁၇၀)ဝေးသည်။ကျီခါး မြို့ နယ်ခွဲနှင့်မိုင်(၂၁၂)မိုင်ဝေးသည်။
 
 ကောင်းမြတ်သူ-တီးတိန်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger