ပလက်ဝ-မတူပီကားလမ်းကို ပွင့်လင်းရာသီတွင် စတင်ဆောက်လုပ်ပြီး ၂၀၁၃ မေလအပြီးတည်ဆောက်မည်

Tuesday, August 21, 20120 မှတ်ချက်


ပလက်ဝ၊ သြဂုတ်လ ၂၁--------ချင်းလူမျိုးကြားမဟာတံတိုင်းကြီးခြားထားသကဲ့သို့ ကြုံတွေ့နေရသော ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းနိုင်ရန် ၁၃၅ မိုင်ရှည်လျားသော ပလက်ဝ-မတူပီကားလမ်းကို ပွင့်လင်းရာသီတွင်စတင်ဆောက်လုပ်မည်ဟု အရင်တစ်ခေါက်သတင်းတွင် ဖော်ပြထားပြီးဖြစ်သည်။
ဒီကိစ္စနှင့်ပတ်သက်၍ ခူမီးချင်းလူမျိုးများ၏မှီခိုအားထားရာဖြစ
်သော ၀န်ကြီး ဦးကျော်ငြိမ်းအား မေးမြန်းမိခဲ့ရာ " ပလက်ဝ-မတူပီကားလမ်းကို ပွင့်လင်းရာသီမှာ စတင်ဆောက်လုပ်ဖို့အတည်ပြုထားပြီ
းပါပြီ။ ၃၅မိုင်ရှည်လျားတဲ့ ပလက်ဝ-မတူပီကားလမ်းကို တစ်နှစ်အတွင်း တည်ဆောက်ဖို့စီစဉ်ထားပါတယ်။" ဟုပြောပြခဲ့သည်။ အတော်ပင်အားတက်ရခဲ့ပါသည်။
၎င်းပလက်ဝ-မတူပီ ကားလမ်းစီမံကိန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း
  ပလက်ဝမြို့ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး၏ပြော
ပချက်အရ သိရှိရသည်။ မြန်မာနိုင်ငံ၊ ပြည်မမှ ရောက်ရှိလာသော အင်ဂျင်နီယာနှင့် ပလက်ဝမှ ဆောက်လုပ်ရေးဌါနဆိုင်ရာမှ အေအီးတို့အဖွဲ့သည် တံတားဆောက်မည့်နေရာနှင့် လမ်းအူကြောင်းကြည့်ရှုလေ့လာရန် ယနေ့မနက် (၂၁.၈.၂၀၁၂) ၈း၀၀နာရီတွင် ဟွန်ဒါစက်လှေဖြင့် ထွက်ခွာသွားပါသည်။  ပလက်ဝ- မတူပီ ကားလမ်းကို ၂၀၁၃-ခုနှစ်၊ မေလ အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

Khu Teicha
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger