အစိုးရသစ်လက်ထဲတွင် ပလက်ဝမြို့နယ်မှ ကျေးရွာ၎ရွာအား စံပြရွာများအဖြစ် သတ်မှတ်

Monday, August 20, 20120 မှတ်ချက်

ပလက်ဝ၊ သြဂုတ်လ ၂၁------လက်ရှိအစိုးရသစ်လက်ထက်တွင်၂၀၁၂- ခုနှစ်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အောက်ပါကျေးရွာများကို စံပြကျေးရွာများအဖြစ် သတ်မှတ်ပေးခဲ့သည်။
၁။ မီးဇာကျေးရွာ၊ မီးဇာကျေးရွာအုပ်စုထဲတွင်ပါဝင်ပြီး အ.ထ.က ကျောင်း၊ ကျန်းမာရေးဆေးပေးခန်းနှင့် မီးဇာအုပ်စု စေတီပြင်ရွာတွင် ရှေ့းဟောင်း ဥသလင်းစေတီတော်ရှိတို့တည်ရှိသော ရွာတစ်ရွာဖြစ်သည်။
၂။ ချင်းဒေါက်ကျေးရွာ ၊ ကုန်းတော်အုပ်စုထဲတွင်ပါဝင်ပြီး အ.မ.က (မူလွန်)ကျောင်း နှင့် ချင်းဒေါက်ရွာ၏ အရှေ့ဘက် ကုလားတန်မြစ်အရှေ့ဘက်ကမ်းတွင် ကုန်းတော်စေတီတော်တို့တည်ရှိသည်။
၃။ နှမဒါကျေးရွာ ၊ နှမဒါအုပ်စုထဲတွင်ပါဝင်ပြီး အ.မ.က (မူလွန်)ကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနတို့ဖွင့်ထားသည်။
၎။ မိတ်စာဝ၊ ၀က်မအုပ်စု ထဲတွင်ပါဝင်ပြီး အ.ထ.က ကျောင်းခွဲရှိသည်။

၎င်းစံပြကျေးရွာများအတွက် လိုအပ်သည့် အချက်အလက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ဆောင်ရွက်ပြီး၊ ပြည်နယ်သို့ ပေးပို့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger