ပလက်ဝမြို့နယ်တွင် ဒေသခံများဦးစီးသော စက်မှုဇုံတခုဖွင့်လှစ်နိုင်ရန် အစည်းအဝေးတရပ် ယမန်နေ့ညက ကျင်းပ

Wednesday, August 22, 20120 မှတ်ချက်


သြဂုတ် ၂၃
ပလက်ဝမြို့

ပလက်ဝမြို့နယ်တွင် ဒေသခံများဦးစီးသော စက်မှုဇုန်တစ်ရပ် စတင်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် အစီအစဉ်များဆွေးနွေးခြင်း အစည်းအဝေးတရပ်ကို မနေ့ည ၇ နာရီအချိန်တွင် ပလက်ဝမြို့၊ ရိကါရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူး ဆရာမ ဒေါ်ဆာဆုနေအိမ်တွင် ပြုလုပ် ကျင်းပခဲ့ကြောင်း အိုက်တင်၏ သတင်းပေးချက် အရ သိရှိရပါသည်။ အစည်းအဝေးပွဲတွင် ဒေသခံရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း (၉) ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် ပလက်ဝမြို့နယ် စက်မှုဇုန်ဖွင့်လှစ်နိုင်ရေးအတွက် မည်သို့ပြုလုပ်သွားမည့်
အကြောင်း၊ ၄င်းဒေသတွင် အခြားအဖွဲ့အစည်းများ၏ စက်မှုဇုန်ဖွင့်လှစ်ရေးအဆိုပြုချက်များအပေါ်မည်သို့ တုန့်ပြန်သွားမည့်အကြောင်းကို အကြမ်းဖျင်းဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ဆွေးနွေးခြင်းအစီအစဉ် ကို မြို့နယ်ပညာရေးမှူး ဆရာမဒေါ်ဆာဆု၏နေအိမ်တွင် ဒေသခံရပ်မိရပ်ဖများ၊ ဒေသခံလူမျိုးဌါနဆိုင်ရာ အကြီး အကဲများနှင့် လူငယ်များ စုစုပေါင်း အယောက် (၄၀) ခန့်ကို ဖိတ်ကြားကာ ယနေ့ည ၇ နာရီခွဲ အချိန်တွင် အသေးစိတ်ဆွေးနွေးမှုများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ယခုအကြိမ်ကျင်းပပြုလုပ် သွားမည့် အစည်းအဝေးပွဲတွင် စက်မှုဇုံဖွင့်လှစ်နိုင်ရေးအပြင် ယဉ်ကျေးမှုပြတိုက် ဆက်လက်အကောင် အထည်ဖော်ဆောက်လုပ်နိုင်ရေး၊ ခူမီးမဂဇင်း ဆက်လက်ထုတ်ဝေရေး၊ ပြကဒိန်များ ထုတ်ဝေနိုင်ရေးနှင့် အခြား ဒေသအရေးများကိုလည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အိုက်တင်၏ ပြောကြားချက်အရ သိရှိရပါသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်သည် ရာသီဥတုမျှတပြီး စိုက်ပျိုးရန်အလွန်ကောင်းသော သဘာဝ ရေမြေတောတောင်များပေါကြွယ်သောကြောင့် ဒေသထွက်သီးနှံများသည် နှစ်စဉ်နှစ်တိုင်း အလွန်များပြားလှပါ ပေသည်။ အဆိုပါဒေသထွက်သီးနှံများတွင် သရက်သီး၊ လိမော်သီး၊ ငှက်ပျောသီးနှင့် နံနက်သီးများသည် ထွက်နှုန်းအများဆုံးဖြစ်ပါသည်။

သို့ရာတွင် ဒေသထွက်ကုန်များ၏ အရေအတွက် (နှုန်း) နှင့်ညီမျှသော ဈေးကွက်မရှိနိုင်သေးသောကြောင့် အသီးအနှံများအရည်အသွေးကောင်းသော်လည်း ဈေးအလွန်နိမ့်ကျသွားခဲ့ရပါသည်။ ဥပမာ - ရန်ကုန်တွင် သာမန်အရွယ်အစား သရက်သီးတလုံးကို နှစ်ရာ၊ သုံးရာခန့်ရရှိနေသောအချိန်တွင် ပလက်ဝဒေသထွက် အလုံးကြီးသရက်သီးတလုံးကို ၅ ကျပ်၊ ၁၀ ကျပ်သာ ရရှိခဲ့ပါသည်။ အချို့သူများသည် ဒေသထွက် သီးနှံများ ကို ၀ယ်ယူမည့်သူမရှိသောကြောင့် စိုက်ခင်းတစ်ခုလုံး အပင်ပေါ်တွင်မှည့်ပြီး အလဟသ ကြွေကျပျက်စီးဆုံးရှူံးခဲ့ သည်များလည်း ရှိပါသည်။ ထို့ကြောင့် ဒေသအတွင်း ထွက်ကုန်များအား ခေတ်မှီနည်းပညာများဖြင့် စံချိန်မှီအစား အသောက်များကို ဖန်တီးပေးနိုင်သော စက်မှုဇုံတရပ်ပေါ်ပေါက်လာပါက အသီးအနှံများ အလဟသဖြစ်ခြင်းမှ ကာကွယ်သွားနိုင်သည့်အပြင် စိုက်ပျိုးသောသူများအတွက်လည်း လူမှု၊ စီးပွားများတွင် များစွာအကျိုးစီးပွား ကောင်းစေ သွားမည်ဖြစ်ပါသည်။

မျိုးချစ်သူ (တောင်စိုမြေ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger