ချင်းအက်ဥပဒေနှင့် ခူမီးစာသင်ရိုးညွန်းတမ်းအကြောင်းကို ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အစည်းအဝေးတွင် အဓိကဆွေးနွေး

Wednesday, August 29, 20122မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၃၀-----
ချင်းအက်ဥပဒေနှင့် ခူမီးစာသင်ရိုးညွန်းတမ်းအကြောင်းကို ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အစည်းအဝေးတွင် အဓိကထားဆွေးနွေးသွားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁နာရီတွင် ခူမီးလူကြီးများနှင့် ခူမီးလုပ်ငန်းရှင်များ အစည်းအဝေးကို
အင်္ဂလီကန် သာသနာပိုင်ခန်းမဆောင်တွင် ကျင်းပခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များမှ (၁၅) ဦး၊ ရပ်လူကြီးများမှ (၁၁)ဦး ၊ အသင်းအဖွဲ့များမှ (၅)ဦး၊ KMG မှ (၃) ဦး၊ KYA မှ (၃) ဦး

အသီးသီးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေး၏အဓိကဆွေးနွေးခဲ့သော အကြောင်းအရာများမှာ (၁) ချင်းအက်ဥပဒေရေးဆွဲရေးဆွဲရေး ၊ (၂) စီးပွားရေးလုပ်ငန်းရှင် အဖွဲ့အစည်းရေးဆွဲရေး နှင့် (၃) ခူမီးစာသင်ရိုးညွှန်းတမ်း ရေးဆွဲရေး တို့ဖြစ်သည်။

အစည်းအဝေးတွင် (၁)၂၀၁၂-ခုနှစ်၊ sep ၂၇ ရက်နေ့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ချင်း(ခူမီး) ချင်းအက်ဥပဒေတင်ပြနိုင်ရေးအတွက် ချင်းအက်ဥပဒေရေးဆွဲရေး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ကိုဆွေးနွေးခဲ့ရာ

တက်ရောက်အားလုံးမှ လက်ခံအတည်ပြုခဲ့ခြင်း၊ (၂) ခူမီးစာ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ကိစ္စနှင့်ပတ်သက်၍ ပလက်ဝ (KLC)၏ ရေးဆွဲပြီးသော သင်ရိုးညွှန်းတမ်းကို ပြည်နယ်အစိုးရသို့ တင်သွင်းရန်၊
(၃) ခူမီးစာနှင့်ပတ်သတ်၍ မည်သည့် ပညာရှင်က ရေးသည်မဆို ပလက်ဝ (KLC)ထံသို့ တင်ပြပြီး အတည်ပြုချက် ရယူပြီးမှသာ စာအုပ်ထုတ်ဝေခြင်း၊ ရေးဆွဲခြင်းပြုလုပ်ရန်၊
နှင့် (၄) သင်ရိုးညွှန်းတမ်းနှင့်ပတ်သတ်၍ ခူမီး primary စာအုပ်ကို ပြည်နယ်အစိုးရထံသို့ ပို့ပေးရန် စသည်တို့အားဆွေးနွေးအတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သတင်းရရှိသည်။

ချင်းအက်ဥပဒေရေးဆွဲရေးကို စက်တင်ဘာလ တတိယအပတ်လောက်တွင် ချင်းပြည်နယ်၊ဟားခါးသို့ ဒုတိယအကြိမ်သွားရောက်ဆွေးနွေးမည်ဖြစ်သည်။ ခူမီးစာသင်ရိုးညွန်းတမ်းကိုမူ ၃ လအတွင်းအပြီးတင်ပြရန် လွန်ခဲ့သော ရန်ကုန်ရှိခူမီးလူကြီးများနှင့် ချင်းအမျိုးသားပါတီတို့တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က သိရှိရခဲ့သည်။

Be Pui

Share this article :

+ မှတ်ချက် + 2 မှတ်ချက်

များများဆွေးနွေးပေးပါ။ ကျေးဇူးတင်ပါတယ်။

Ai Maung Nyo
31 August 2012 at 02:51

အများနဲ့ သက်ဆိုင်တဲ့အရာ ဟူသမျှ များများတိုင်ပင်ဆွေးနွေးပြီး အများသဘောတူညီမှု ယူပြီး လုပ်ဆောင်ရမယ်။ အမှားနည်းသထက် နည်းအောင်ကြိုးစားရမယ်။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger