ပလက်ဝမြို့နယ် ကျူရှင်မသင်ကြားရေး အမိန့်အား လိုက်နာခြင်းမရှိသောကြောင်း ဒုတိယအကြိမ် အမိန့်စာထုတ်ဖွယ်ရှိနေ

Thursday, August 30, 20121မှတ်ချက်



ပလက်ဝ၊ သြဂုတ် ၃၁------၂၀၁၂-၂၀၁၃ ပညာသင်နှစ် နှစ်ဆန်းပိုင်းတွင် ပလက်ဝမြို့နယ် ပညာရေးဝန်ထမ်းများ ကျူရှင်သင်ကြားခြင်းမပြုလုပ်ကြရန် ကျောင်းစဖွင့်လျှင်ဖွင့်ခြင်း မြို့နယ်ပညာရေးမှူးမှ အမိန့်စာထုတ်ခဲ့ပြီးဖြစ်ပါသည်။  ၄င်းအမိန့်စာတွင် အကယ်၍ပညာရေးဝန်ထမ်း တစ်ဦးဦးလိုက်နာခြင်းမရှိပဲ ကျူရှင်သင်ကြားခြင်း ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟုပါရှိသည်။
ထိုသို့ ကျူရှင်မသင်ကြားရေးအတွက် ပလက်ဝမြို့နယ်မှ ပညာရေးဝန်ထမ်း တစ်ဦးလျှင်  ကျပ်
၃၀၀၀၀ိ/ ထောက်ပံ့ကြေး အဖြစ် လစဉ် ပံ့ပိုးလျက်ရှိကြောင်းလည်း သိရှိရသည်။

သို့သော် ၄င်းအမိန့်စာကို ဇွန်လကုန်အထိသာလိုက်နာနိုင်ခဲ့ပြီး တချို့ ပညာရေးဝန်ထမ်းများ ဇူလိုင်လမှစတင်ကာ ပလက်ဝမြို့ပေါ်တွင် ကျူရှင်သင်ကြားခြင်းကို ပြန်လည်စတင်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အထက်လူကြီး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်ခြင်းကြောင့် မကြာခင်ကျူရှင်သင်ကြားမှု တားမြစ်ခြင်းအမိန့်ကို ပြန်လည်ထုတ်ပြန်မည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ထိုသို့တားမြှစ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျူရှင်ပြသခြင်းအပေါ် လေ့လာတွေ့ရှိမိခဲ့သောအောက်ပါ ဆိုးကျိုးများကြောင်းဖြစ်ကြောင့် တာဝန်ရှိသူမှ ဖွင့်ပြောခဲ့သည်။

၁။ ဆရာ/မ များသည် မိမိကျူရှင်ဝိုင်းတွင်

စာကို ကောင်းမွန်စွာသင်ကြားပေးသော်လည်း ကျောင်းတွင် ကောင်းစွာ မသင်ကြားပေးခြင်း။ ထို့ကြောင်းကျောင်းသား/သူတိုင်း ကျူရှင်မနေရလျှင် မျက်နှာငယ်ရခြင်း။
၂။ ကျောင်းသား/သူမိဘများ ငွေကြေးအကုန်အကျများခြင်း။ ကျူရှင်တက်သော်လည်း ကလေးများစာမတတ်ခြင်း။
၃။ ကျောင်းသား/သူများ ညဥ့်ဘက်တွင် ကျူရှင်တက်ခြင်းကြောင့် အကျင့်ပျက်ပြားခြင်းများ နှင့်ကျူရှင်ကို အပျော်သဘောသာသတ်မှတ်ခြင်းကြောင်း ပညာရေးဘက်ကို အားနည်း လာခြင်း။
၎။ ကျောင်းသား/သူတိုင်း ကျူရှင် ကောင်းကောင်း တက်ချင်ကြသည့်အကြောင်းအရင်းမှာ ချစ်သူရည်းစားရှိသူများ အဖို့ အပျော်ဆုံးနေရာဖြစ်နေလေသည်။
၅။ ကျူရှင်ကို အကြောင်းပြုကာ သမီးရည်းစားတို့ အတူတူ ဗွီဒီယိုကြည့်ခြင်း။ ချိန်းတွေ့ခြင်းများမကြာခဏ မြင်တွေ့ရခြင်း။
၆။ ကျူရှင်တက်သော ကျောင်းသား/သူတိုင်း စာမေးပွဲ အောင်ကြသည်မဟုတ်။ မိဘများဆင်းရဲဒုက္ခသာ ပို၍၀န်ပိခြင်းများဖြစ်တတ်ခြင်း။
၇) ကျောင်းတွင်စာကောင်းကောင်းမသင်ခြင်းကြောင့် ကျူရှင်မနေနိုင်သောကလေးများ ဒုက္ခရောက်ရခြင်း။

ထိုသို့ ကျောင်းသား/သူများ ပညာရေးညံ့ခြင်းကို ထောက်ရှုကာ ယခုနှစ်တွင်စတင်ပြီး ၄-တန်းနှင့် ၈-တန်း တို့တွင် အစိုးရစစ် (ယခင်နည်း) ကို ကျင့်သုံးမည်ဟုလည်း သိရှိရသည်။
ကျောင်းသား/သူတို့၏ မိဘများ ဆင်းဆင်းရဲရဲခက်ခဲစွာရုန်းကန်လှုပ်ရှားသော ဘ၀ကို ထောက်ရှုကာ ပညာရေးဝန်ထမ်းများ ကျူရှင်သင်ကြားမှုအား တားမြစ်ခြင်းအမိန့်ကို မြို့နယ်ပညာရေးမှူးမှ အမိန့်စာ ပြန်လည်ထုတ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

မိမိ၏လောဘနှင့် လစာမလုံလောက်မှုကြောင့် အကြောင်းတစ်ခုတည်းဖြင့် ဆင်းရဲသောမိဘထောင်ပေါင်းများစွာ၏ ကြမ်းတမ်းသော ဘ၀ကို ခေါင်းပုံဖြတ်အမြတ်ထုတ်ပုံသက်ရောက်သော ကျူရှင်သင်ပြခြင်းကို တားမြှစ်ပိတ်ပင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများမှပြောကြားခဲ့သည်။

Khu Teicha
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
31 August 2012 at 00:38

တကယ်လို့ သူတို့ တားမြစ်လိုက်သလို ကျောင်းတွင်းမှာ စာကောင်းကောင်သင်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့ ဆမီးဘက်မှာဆိုရင် ကျူရှင်လဲ မရှိလို့ ဆယ်တန်းအောင်တဲ့ သူတွေက တစ်နှစ်မှာ ၅ ယောက်တောင်မရှိ၊ တစ်ခါတလေ တစ်နှစ်မှာ တစ်ယောက်မှ မအောင်တဲ့ နှစ်တွေလဲ ရှိတယ်။ ကျောင်းမှာဆိုလဲ သင်ပေးတဲ့ ဆရာတွေက သူတို့ သင်ပြမယ့် ဘာသာရပ်ကို မနိုင်ကြဘူး၊ အသင်အပြလဲ အားနည်းကြတယ်။ ပြီးတော့ အင်္ဂလိပ်စာနဲ့ သင်္ချာဆိုရင် ကောင်းကောင်းမသင်ရတော့ ကျောင်းသားတွေက အကြောက်ဆုံးပဲပေါ့

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger