ဝမ်းအကြိမ် ၂၀ ခန့်ဆက်တိုက်သွားသောကြောင့် အရေးပေါ်ဆေးရုံတက်ရသူ မတင်နီလာအောင်

Friday, August 31, 20120 မှတ်ချက်



ရန်ကုန်၊ သြဂုတ် ၃၁-----ပလက်ဝမြို့နယ်၊ ခ၀ဲကျေးရွာနေ (ဘ) ဦးလွမ်းအောင်၏ တတိယသမီး မတင်နီလာအောင် သည် သြဂုတ်လ ၂၉ ရက်နေ့တွင် အသည်းအသန်ဝမ်းလျှောရာမှ အင်းစိန်ဆေးရုံးကြီး မိန်ကလေးလူနာဆောင်၊ ကုတင်အမှတ် ၂၁တွင် တက်ရောက်ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု ကေအမ်ဂျီမှ သတင်းရရှိသည်။
  
မတင်နီလာအောင်သည် ရန်ကုန်အင်းစိန်၊ အုတ်ကျင်းဝမှတ်တိုင်တွင် တစ်ဦးတည်းအိမ်ငှားနေထိုင်ကာ company တစ်ခုတွင်စာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

“အဲဒီနေ့က ကျွန်မရုံးရောက်တာနဲ့ ၀မ်းအကြိမ် ၁၅ ကြိမ်ထက်မနည်း ဆက်တိုက်သွားနေလို့ အိမ်ကိုပြန်လာရခဲ့တယ်။ အနီးအနားက ဆေးခန်းမှာသွားပြတော့ ဆေးခန်းက ဆေးရုံတက်ဖို့ညွန်လိုက်တာပဲ။” ဟုလူနာရှင်က ပြောပြသည်။

နယ်ကမိဘတွေကိုလည်း အကြောင်းမကြားရသေးပဲ
ရန်ကုန်၊ဒလဘက်တွင်နေထိုင်သော မိမိ၏ဆွေမျိုးရင်းချာ ဦးကံပ အား ဆက်သွယ်ရန် ယနေ့အထိလိုလေသေးမရှိ၊ နေ့ညမနားတမ်း ကြည့်ရှုစောင့်ရှောက်သော ရပ်ကွက်တူနေ ခူမီးခရစ်ယာန်အမှုတော်ဆောင် ဦးအောင်နွဲ့အား အကူအညီတောင်းထားလျှက်ရှိသည်ဟု သတင်းရရှိသည်။

ယခုအခါ အတော်ပင်သက်သာလာပြီဖြစ်၍ ဆေးရုံမှ မကြာမီ ပြန်လည်ဆင်းလာနိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger