ပလက်မြို့နယ် အစိုးရကျောင်းတွင် ခူမီးစာသင်ကြားရေး CNP နှင့် ရန်ကုန်ခူမီးလူကြီးများ တွေ့ဆုံဆွေးနွေး

Saturday, August 25, 20121မှတ်ချက်



 ရန်ကုန်၊ သြဂုတ် ၂၅-----သြဂုတ်လ ၂၄ နေ့ညနေပိုင်းတွင် CNP (ချင်းအမျိုးသားပါတီ) မှတာဝန်ရှိလူကြီးများဖြစသောU Zozam (Chairman)၊ SalaiCeu Bik Thawng (General Secratary)၊ Salai Hnge Pi (Secretary-1) တို့နှင့် ရန်ကုန်တွင်မှီတင်းနေထိုင်သော ခူမီးချင်းလူကြီးများ၊ သိက္ခာတော်ရဆရာတော်များ ၈ ဦးနှင့် နိုင်ငံတော်၏တိုင်းရင်းသားစာပေသင်ကြားရေး အစီအစဉ်အရ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လူများစုနေထိုင်သောခူမီးစာပေကိုသင်ကြားရေး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လှိုင်မြို့နယ်တွင် ကေအမ်ဂျီ၏စီစဉ်မှုဖြင့် ကျင်းပနိုင်ခဲ့သည်။ 


 အဆိုပါတွေ့ဆုံပွဲတွင် ချင်းအမျိုးသားပါတီ၏ ဥက္ကဌဖြစ်သူ လွတ်တော်ကိုယ်စားလှယ် ဦးဇိုဇမ်မှ ယနေ့ဤကဲ့သို့တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်၊ မိမိ၏လက်ရှိတာဝန်၊ CNP အကြောင်းနှင့် ချင်းအရေးအရာများကို ဤသို့တင်ပြဆွေးနွေးခဲ့သည်။
ချင်းတွေကိုချစ်လို့၊ ချင်းပြည်နယ်အတွက် အင်အားနဲနဲနဲ့ စပြီး နိုင်ငံရေးလုပ်တာပါ။ ချင်းတွေနဲ့ဆိုင်တဲ့ ယာဉ်ကျေးမှုစတဲ့ ချင်းပြည်နယ်အတွက် လုပ်ပေးနိုင်တဲ့အရာလေးတွေကို လုပ်ပေးသွားတာပါ။ ခေတ်သစ်နိုင်ငံရေးပေါ် လုပ်ဆောင်နေတဲ့ကြားမှာလုပ်ခွင့်ရတာလည်းရှိမယ်၊ မရတာလည်းရှိမယ်။ကျွန်တော့်အားနည်းချက်တွေ အများကြီးနဲ့ ခြေလှမ်းလှမ်းနေရတယ်။ CNP အနေနဲ့ လွတ်တော်ထဲမှာနေရာများများမရနိုင်ခဲ့ဘူး။ ချင်းပါတီတစ်ပါတီတည်းရပ်တည်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့မဖြစ်ခဲ့ဘူး။ လွတ်တော်မှာတိုင်းရင်းသားရေးရာဥက္ကဌ တာဝန်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ လကစာတစ်စောင်လက်ခံရခဲ့တယ်။ အစိုးရကျောင်းမှာတိုင်းရင်းသား စာပေသင်ကြားခွင့်ပေးဖို့ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ ဒါကြောင့် ဒီနေ့တွေ့ရခြင်းဖြစ်ပါတယ်။ ချင်းဘာသာစကားကိုကိုယ့်မြို့နယ်မှာသင်ကြားခွင့်ရဖို့လမ်းဖွင့်ခဲ့တယ်။ ကိုယ့်ဒေသမှာဘယ်လိုဖြစ်စေချင်သလဲဆိုတဲ့အချက်ကိုပြုစုပြီး ပြည်နယ်လွတ်တော်ကိုတင်ပြမယ်။ ပြီးမှ လွတ်တော်မှာတင်ပြမယ်။ပြည်နယ်လွတ်တော်မှာက ကျွန်တော့်ကိုကူညီမဲ့အတွင်းရေးမှူးကကိုနန်းဆိုက်ဖြစ်တယ်။ အလှမ်းဝေးတဲ့ မတူပီ၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပလက်ဘက်ကလူတွေနဲ့ဒီလိုတွေ့ဆုံမှုတွေပြုလုပ်ပြီး အကြမ်းလမ်းပြပေးတာပါ။ အချောကိုကိုယ့်မြို့နယ်မှာပီပီပြင်ပြင် လုပ်ရမယ်။ CNP အနေနဲ့ အကူအညီလိုရင် ကူညီနိုင်တာကူညီပေးမယ်။ ကိုယ့်ဒေသေ၊ ကိုယ့်လူမျိုးတိုးတက်ရေးကိုအစဉ်လုပ်ဆောင်ပေးနေပါတယ်။  တီးတိန်မှာဖတ်စာအုပ်တွေလုပ်ပြီးနေပြီ။ ယခုဗမာစာသင်ရိုးအတိုင်းသင်ကြားလို့မရ။ ချင်းနည်းချင်းဟန်ရှိတယ်။ တစ်ပတ်မှာ ၃ ကြိမ်သင်ပေးဖို့တော့လိုမယ်။ လူမျိုးခြားကလေးတွေ မသင်ချင်ရင်ရတယ်။အမှတ်ပေးတဲ့အခါ စည်းကမ်းထည့်စရာမလို။ချင်းကလေးတွေကိုတော့ အမှတ်ပေးစည်းမျဉ်းကောင်းကောင်း လုပ်ပေးရမယ်။ ကိုယ့်ချင်းကလေးတွေ ကိုယ့်စကား၊စာကိုရစေချင်လို့ဖြစ်တယ်။ ချင်းတစ်ဘာသာသင်ရေးကိုတော့ အရမ်းကြိုက်တယ်။ ဒါပေမဲ့controversal ဖြစ်တဲ့အတွက် မပြောရဲဘူး။ ပထမခြေလှမ်းကကိုယ့်စာကိုယ်သင်မယ်။ ဒုတိယမှာ ၂-၃မျိုးထပ်သင်ဖို့ ခြေလှမ်းလာမယ်။ အဓိကပြသနာကချိုပြသနာ။ တစ်ခြားမြို့နယ်မှာက Bible ရှိတော့ပြသနာသိပ်မရှိ။ ကျွန်တော့်ဝါဒက စီးရင်းမှစီးရင်းဆိုတာမရှိဘူး။ ဒီလိုအယူအဆအဟောင်းတွေကိုလည်းပယ်သင့်တာကြာပါပြီ။ ဒီလိုကိုင်တွယ်နေရင် တိုးတက်ဖို့ခက်မယ်။ဒီလိုပြောပြတာ ပါတီစည်းရုံးနေတာမဟုတ်ပါဘူး။ ဒီနေ့ဆွေးနွေးတာက official ဖြစ်တယ်။ တာဝန်နဲ့ဆွေးနွေးတာဖြစ်တဲ့အတွက် officially ပြည်နယ်အစိုးရကိုအကြောင်းကြားရမယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ၀န်ကြီးကျော်ငြိမ်းနှင့် ဦးနန်းဆိုက်ကိုတင်ပြရမယ်။ ခူမီးစကားပြော၊ ခူမီးချင်းလူမျိုးကို တန်ဖိုးထားတဲ့ အခြေခံကအစ ပြုပြင်ဖို့လိုပါတယ်။”

ဆက်လက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်မှလည်း တင်ပြဆွေးနွေးခဲ့သည်။ “ချင်းစာသင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ်။ လိုချင်တဲ့ပုံစံနှင့် သင်ရိုး curriculum ကို Proposal တင်ပေးစေချင်တယ်။ ခူမီးတွေအနေနဲ့ ဒီလိုရှိပါတယ် ဆိုတာကိုပြပြီးတိုးဝင်ရမယ်။ Grade-1, Grade -2, Grade-3,grade-4 အထိသင်ရိုးလုပ်ထားရမယ်။ ပြည်ထောင်စုက ဖလမ်းနဲ့ တီးတိန်စကားကိုသာဖော်ပြခဲ့တယ်။ ဒါကြောင့် တစ်ခြားမြို့နယ်ကချင်းတွေအတွက် ပြန်တင်ပြရမယ်။ဒါကြောင့် အခုလိုခေါ်ရခြင်းဖြစ်တယ်။ ခိုင်ခိုင်မာမာနဲ့တင်နိုင်ဖို့လိုတယ်။ ဒါမှပါဝင်နိုင်မယ်။ Hot Item ဖြစ်နေတဲ့အတွက် အမြန်ဆုံးလုပ်ရမယ်။ အချိန်ဆွဲလို့မရတော့ဘူး။ Sample 4-5 အုပ်ကိုအဆင်သင့်လုပ်ပေးရမယ်။ အစောဆုံး ၃ လအတွင်းလုပ်ပေးစေချင်တယ်။ ပလက်ဝဟာချင်းပြည်နယ်ရဲ့ Rice Plate of Chin ဖြစ်တယ်၊ ဧရိယာအနေနဲ့လည်း အကျယ်ဆုံးဖြစ်တယ်။”

အတွင်းရေးမှူး (၁) ကိုငယ်ပီးမှလည်း ဆွေးနွေးရာ “လိုအပ်မဲ့ဆွေးနွေးချက်တွေကိုတိတိကျကျသိရအောင်။ Imput တွေများများလိုချင်ပါတယ်။
ကျောင်းတွင်းနှင့် ကျောင်းပြင်ပသင်ရိုးတွေကို ဘယ်လိုလုပ်စေချင်လဲ။ နောက်ပိုင်း အသုံးများတဲ့ဘာသာစကားက အလိုလိုဘုံစကားဖြစ်လာမယ်။ လောလောဆယ်မှာ ကိုယ့်ဒေသစကားမပျောက်ဖို့ပဲ။”

အခြားတက်ရောက်သူ ခူမီးချင်းအသီးသီးမှလည်း “ခူမီးကျမ်းစာလည်းရှိပြီ၊ အသုံးမပြု၊ မသင်ယူတဲ့လူတွေက ပြုပြင်ဖို့လုပ်ချင်ကြတယ်။ ပြုပြင်ချင်တဲ့လူတွေက Tone ကိုကြည့်ပြီး စာပေရဲ့အင်္ဂါရပ်ကိုကြည့်ပြီး ပြုပြင်ချင်နေကြတာ။ ခူမီးစာကိုအားလုံးသင်ရင် ပလက်ဝနယ်မှာ တစ်ခြားစာမလိုတော့ဘူး။ အားလုံးသုံးလို့ရပါတယ်။ တခြားစာတွေကို သင်ချင်ရင် ဘုရားကျောင်းမှာသင်လို့ရတယ်လေ။ ခူမီးစာကိုပဲကျောင်းသုံးစာသတ်မှတ်ရမယ်။  သင်ရိုးစာအုပ် တစ်အုပ်၊၂အုပ်ရှိပြီးပြီ။ အမြန်ဆုံးလုပ်ရတော့မယ်။ စာပေကော်မတီကဦးဆောင်ပြီးလုပ်ရမယ်။ ဒီကိစ္စအတွက် အမြန်ဆုံးအစည်းအဝေးခေါ်ပါ့မယ်။ ကေအမ်ဂျီနေနဲ့လည်း ပလက်ဝဘက်ကိုအကြောင်းကြားပေးပါ။ သူတို့လည်း ထုတ်ချင်တယ်ဆိုရင် ထုတ်ပါစေ။ အကြမ်း ၂ခုအပေါ်ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးရွေးချယ် သွားကြမယ်။” ဟူ၍လည်းကောင်း၊ “ကျွန်တော့်ဂေဟာနဲ့ အသင်းတော်မှာ နွေရာသီမှာခူမီးစာသင်ပေးတယ်။ အခုလက် primary သင်ရိုးကိုပဲသုံးတာပါ။” ဟူ၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကေအမ်ဂျီအမှုဆောင်မှလည်း မေးခွန်းများထပ်မံ မေးမြန်းခဲ့သည်။

KMG -ဒေသစာသင်ပေးမဲ့ဆရာရဲ့ အရည်အချင်းကိုဘယ်လိုများသတ်မှတ်နိုင်သလဲ၊နောက်ပြီးလစာတွေဘယ်လိုသတ်မှတ်နိုင်သလဲ။
CNP-  ဒါကလွတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်။ အစိုးရကတာဝန်ယူပေးရမှာပေါ့။ သင်ကြားရေးဆရာမတစ်ယောက်တော့ ထားရမယ်။ အလှည့်ကျအချိန်စာယားအတိုင်းသင်ပေးရမယ်။

KMG- ခူမီးစာ ၁-၄တန်းသင်ရိုးလုပ်ဖို့အချိန်ဘယ်လောက်ရသေးလဲ။
CNP- အမြန်ဆုံးလိုချင်တယ်။ သုံးလတော့အချိန်ယူပါ။ တီးတိန်ဆိုရင် အရင်ကတည်းကရှိပြီးသား။ အသင်းတော်တွေမှာသင်နေပြီးသား။ ဆိုတော့ ကိုယ့်လူမျိုးအတွက်တော့ အပင်ပန်းခံပြီးကြိုးစားဖို့လိုမယ်။

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

28 August 2012 at 23:02

အရမ်းကောင်းတဲ့ သတင်းလေး ခူမီးဆိုတာ သိရမည်မှာ ခူမီးစာ ၊ ခူမိးစကား၊ ခူမီးလို ပြော၊ ခူမီးလို နားလည် ဒီ (4) ချက် ကို သိရမှ ခူမီး( ချင်း )ဖြစ် ကြောင့် အားမခံဖြစ်ရမည်လေ.... အစိုးရ စာသင်ကျောင်းများ၌ ခူမီးစာကို သင်ရမည်ကို ကြားသိရလို့ ဟို ငယ်ငယ်တုန်းက ဆရာကြီး ဦးအာခေါင်(အခု လ/ထ မြို့နယ် ပညာရေးမှုး) က ကျနော်တို့ တတိယတန်းတတ်တုန်း ခူမီးစာ သင်တာ ကို မြင်ယောင်မိတော့ တယ်.. သူ့ကြောင့်မို့လို့ ယနေ့ ခူမီးကိုယ့်စကားစာကို ဖတ်တတ်လာရတယ် ...

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger