ပလက်ဝမြို့ဆိပ်ခံ တရားဝင်စစ်ဆေးရေးဂိတ်အဖြစ် သတ်မှတ်ပြီဟုသိရသော နောက်တစ်နေ့တွင် သစ်သားမီးခြစ်ထုပ်ကိုသိမ်းဆည်းရမိ

Monday, August 27, 20120 မှတ်ချက်


ပလက်ဝ၊ သြဂုတ် ၂၇------ချင်းပြည်နယ်၊ ပလက်ဝမြို့ရေယာဉ်ဆိပ်ခံ စစ်ဆေးရေးဂိတ်ကို သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင် စစ်ဆေးရေးဂိတ်အဖြစ် အစိုးရကအသိအမှတ်ပြု သတ်မှတ်လိုက်ပြီကြောင်း ဆိပ်ကမ်းတာဝန်ခံ ရဲတပ်ကြပ်ကြီးတစ်ဦးမှ ၂၄.၈.၂၀၁၂ နေ့ နံနက် (၈း၀၀) တွင် ပြောပြခဲ့သည်။

၂၅.၈.၂၀၁၂ နေ့ မွန်းလွဲ ၂း၀၀ ခန့်တွင် အိန္ဒိယမှ တင်သွင်းသော သစ်သားမီးခြစ် (ကုန်နီအိပ်အကြီး) ထုပ်ပိုးထားသော ပစည်းများသယ်ဆောင်လာသော ဟွန်ဒါစက်လှေတစ်စီးကို  ဆိပ်ကမ်း

ဂိတ်စောင့် ပြည်သူ့ရဲတပ်ကြပ်ကြီးတစ်ဦးက  ကျောက်တော်သို့ ဆက်လက်ခရီးဆင်းရန် တားမြစ်လိုက်ကြောင်းသတင်းရရှိသည်။

ပစ္စည်းပိုင်ရှင်မှာ ပလက်ဝမြို့အထက်ပိုင်း၊ တရွန်အိုင်ရွာမှ ဦးသိန်းရွှေ ဖြစ်သည်။ ၄င်းမီးခြစ်အထုပ်ကို ကျောက်တော်သို့ ယူဆောင်ရန်ခွင့်မပြုသည့် ဖြစ်နိုင်ချေအကြောင်းရင်းမှာ ကျောက်တော်နယ်တွင် ရမ်းထောင့် တူမီးသေနတ်များ ပြုလုပ်နေသည်ဟု သတင်းရရှိထားသောကြောင့်ဖြစ်ကြောင်း၊ မြောက်ဦးမြို့တွင် ခေါက်ချိုး တူမီးသေနတ် လုပ်ကိုင်သူရှိကြောင်းလည်း သတင်းရကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရှိရခဲ့သည်။

“ကျွန်တော်သတင်းကြားတာတော့ တူမီးသေနက်တွေကို အငြိမ်းစားစစ်သားတစ်ဦးက ပြုလုပ်နေတယ်ဆိုပဲ၊ ဒီသတင်းကို တာဝန်ရှိသူတွေကပြောပြလို့သိရတာပါ” ဟုပြောသွားခဲ့သည်။

အလားတူပင် ပလက်ဝမြို့နယ်အတွင်းတွင်လည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဘက်မှ တူမီးသေနတ်များ ၀ယ်ယူရန် လိုက်လံရှာဖွေလျက်ရှိကြောင်း ဒီလအတွင်းတွင်ပင် ပလက်ဝအခြေစိုက်ခြေလျင်တပ်ရင်း တစ်ခုမှလည်း တူမီးသေနတ် (၅) လက် ဖမ်းဆီးရမိကြောင်းလည်း သတင်းရရှိခဲ့သည်။ 


ALP အဖွဲ့ဝင်များဖြစ်ကြသော သြဂုတ်လ ၈ ရက်နေ့တွင် ဦးခိုင်ကျော်ခိုင် နှင့် သြဂုတ် ၂၃ ရက်နေ့တွင် ခိုင်ခင်မောင်ဝင်း တို့သည် ပလက်ဝအထက်ပိုင်းသို့  ပလက်ဝ-တောင်ပြိုလိုင်းစက်လှေဖြင့် သိုသိုသိတ်သိတ် တက်သွားခဲ့ကြောင်း ပလက်ဝစစ်ဆေးရေးဂိတ် တစ်ခု၏မှတ်တမ်းအရသိရှိရခဲ့သည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger