ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး လူငယ် ၂၀ ခန့်က UNHCR မဟာမင်းကြီးရုံးရှေ့တွင် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်

Friday, August 03, 20120 မှတ်ချက်

(ဓာတ်ပုံ-ဂျေမောင်မောင်-အမရပူရ)
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင် လူငယ် ၂၀ ခန့်က
 ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်အတူယှဉ်တွဲနေ

ထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှ
ဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများ အားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်။  ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။

၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှမဟုတ်ဘဲ အွန်လိုင်းပေါ်တွင် စုစည်းမိသော လူငယ် များဖြစ်ကြောင်း သိရသည်။

Ref: 7 Day News Journal
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger