ကွမ်လ်လမ်လန်ပူ၊ စက်တင်ဘာ ၁၂----------လွန်ခဲ့သော
သြဂုတ်လ ၇ ရက်ဝန်းကျင်က မလေးရှားရဲများမှ ဖမ်းဆီးထားခြင်းကို ခံရသော ပလက်ဝမြို့နယ်၊
ကျောက်ဖျာကျေးရွာမှ Ai Mung Phyu Hla, Ai Aung Lin Tun
နှင့် Ai San Aung တို့ကို ယနေ့အထိ အာလောစတား ထောင်ထဲတွင်
ဖမ်းဆီလျှက်ရှိသေးကြောင်းသတင်းရရှိသည်။ ၄င်းအဖြစ်အပျက်ကို ယူအမ်သို့ သတင်းပို့ထား ကြောင်း မလေးရှားတွင် နေထိုင်သူ ၄င်းတို့၏ မိတ်ဆွေများမှ
သတင်းပေးပို့ခဲ့သည်။
မလေးရှားမှ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးက “ထိုင်းနယ်စပ်ဆိုတော့ နည်းနည်းကြာမယ်ထင်တယ်။ သုံးလ ကျော် 6လအတွင်လောက်မှ လွတ်မယ်ထင်တယ်။ သူတို့ဖမ်းတဲ့နေရာက Kota perlish သဘောင်္ဆိပ်မှာလေ။ သူတို့ရောက်တဲ့နေ့ သူတို့က မလေးရှားအနေအထားကိုမသိလို့ ရဲတွေက စစ်ဆေးရင်း ဖမ်းသွားတာပါ။ ဒါကို ချက်ချင်းပဲ လ၀က ကနေ ထောင်ကို တိုက်ရိုက်ပို့လိုက်တာ။ အခု သူတို့ Alor Star ထောင်မှာရှိတယ်။
ထောင်ထဲက လူက ဖုန်းအဆက်အသွယ်မလုပ်ရင် သူတို့နဲ့ အဆက်အသွယ်ရဖို့က
နည်းနည်းခတ်တယ်။
ယူအမ်ကိုတော့ သတင်းပို့ပြီးသားဆိုတော့ မကြာခင်
ယူအမ်အဖွဲ့ အဲဒီကိုလာပြီး Register လုပ်ပေးပြီး လွတ်လာမယ်ထင်တယ်။”
ဟုကေအမ်ဂျီသို့ပြောပြသွားခဲ့သည်။
ဆက်လက်ပြီး “ဒါကြောင့် မလေးရှားလာမယ်ဆိုရင် ဘယ်သူမဆို
မိမိကိုယ်ကိုယ် Refugee ဖြစ်ကြောင့်နဲ့ ခူမီး ကော်မြူနီတီက ဖုန်းနံပါတ်ကိုတော့ သိထားသင့်တယ်။
မလေးရှားကိုမလာခင် မလေးရှားမှာရှိနှင့်ပြီးတဲ့ မိမိတို့အသိခူမီးတွေကို ကြိုတင်မေးမြန်းသင့်တယ်။”
လို့လည်းပြောသွားခဲ့သည်။
အကယ်၍ယူအမ်မှ လာကယ်လျှင် မည်သို့ဆောင်ရွက်မည်ကို
မေးမြန်းကြည့်ရာ “register လုပ်ပြီး နောက် ၄လ၊ ၅လ လောက် ကြာမယ်။ သူတို့က KL မြို့နဲ့
ဝေးလို့ ယူအမ်က နေ့တိုင်း လတိုင်းမလာနိုင်လို့ပါ။ နောက်ပြီး မီဒီယာကို တောင်းဆိုချင်တယ်
အသက် (35 ) အထက်ပိုင်းအရွယ်တွေကို
မလေးရှားကို မလာခိုင်းရင်ပိုကောင်းမယ်။ ဘာဖြစ်လို့လဲဆိုရင် မလေးရှား သူဌေးတွေက
အသက်ကြီးတဲ့သူတွေကို အလုပ်မခိုင်းချင်တာရေ၊ အချင်းချင်း နေထိုင်တဲ့ နေရာမှာလည်း လူကြီးတွေက
မသင့်တော်တာလေးတွေရှိတယ်။ လူငယ်တွေက ဖြစ်သလိုနေလို့ရပေမဲ့ လူကြီးမှာက
အဲလိုမရဘူးလေ။ ဒါအပြင် တကယ်လို့ ရဲဖမ်းရင်လည်း သူတို့က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”
ဟုဖြေကြားခဲ့လေသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။