ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းနှင့် မေးမြန်းခြင်း

Wednesday, September 12, 20121မှတ်ချက်

KMG - အရင်ဆုံးဆရာ့ရဲ့ မိသားစုနဲ့ မိတ်ဆက်ပေးပါဦး။
ဦးပိုက်လင်း- ကျွန်တော်က ကျန်းမရေးမှူး(အငြိမ်း)ယူပြီး၊ ပလက်ဝမြို့နယ်၊ဒလက်မေရွာမှာ နေထိုင်ပါတယ်။               ကျွန်တော်   ဇနီးဒေါ်ကိုးလုံး၊ သားကြီးဦးနန်းတမ်းနှင့် အတူကွမ်းစား ဂမုန်း၊ ၀ဥစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ အသက်မွေးပါတယ်။ ကျွန်တော့်မှာ သား(၃)ဦး၊ သမီး(၃)ဦးရှိပါတယ်၊ သားတွေကတော့ ဦးနန်းတမ်း(တပ်ထွတ်)၊ ဦးနန်းဆိုက်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနန်းဆွေ(စက်မှု-ဆက်သွယ်ရေး) ကွာလာလန်ပူမြို့(မလေးရှား) တို့ဖြစ်ပါတယ်၊
သမီး(၃)ဦးမှာတော့ ဒေါ်နန်းယာဒ်(LHV-မိခင်နှင့်ကလေး(ပလက်ဝမြို့))၊
ဒေါ်နန်းယိုး (SAT-အ.ထ.က(ပလက်ဝ))နှင့် ဒေါ်နန်းဟွေ့(စာရေး-အ.လ.က-ဒလက်မေ) တို့ဖြစ်ကြပါတယ်။

KMG - ဆရာအရင်ထမ်းဆောင်ဖူးတဲ့ တာဝန်တွေလည်း သိပါရစေ။
ဦးပိုက်လင်း- ကျွန်တော် ၁၀ တန်းအောင်ပြီး၊ ၁၉၇၃ တွင်ကျန်းမာရေးမှူး(၃)နှစ်သင်တန်းအောင်မြင်ပါတယ်၊ (၁၉၇၄-၂၀၀၆)ခုနှစ် အတွင်း ပလက်ဝမြို့နယ်၊ ဒလက်မေ၊သံထောင်၊ ကနောင်ရွာ ကျန်းမာရေးဌါန (RHC)များတွင်၎င်း၊ ကန်ပလက်မြို့နယ်၊ မှုချိန်ဒိန်း၊ ကျင်ဒွေးကျန်းမာရေးဌာန (RHC)များတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

KMG - ဆရာ့ရဲ့ နိုင်ငံရေးပါတီနှင့် အမတ်လောင်းဝင်ပြိုင်ခြင်းရဲ့ အဓိကခံယူချက်ကဘာလဲ။
ဦးပိုက်လင်း- ပလက်ဝမြို့နယ်၊ ပြည်သူများရဲ့လက်ရှိနိုင်ငံရေး၊ စီးပွါးရေး အခြေအနေများကို နိုင်ငံတော်အထပ်အဆင့်သို့ တင်ပြပြီး လိုအပ်သော တိုးတက်ဖွံ့ဖြိုးရေး ဖော်ဆောင်ပေးစေလိုတဲ့ ခံယူချက်နဲ့ ချင်းတိုးတက်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

KMG - လက်ရှိဆရာတာဝန်ယူ ထမ်းဆောင်နေတဲ့ နေရာကိုလည်းပြောပြပါဦး။ အဲဒီတာဝန်တွေနဲ့ ပြည်သူတွေကိုဘယ်လိုအကျိုးပြု ဆောင်ရွက်မယ် ဆိုတာလည်း ဝေငှပေးပါဦး။
ဦးပိုက်လင်း- ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် လွှတ်တော်မှာ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီဝင်အဖြစ်ပါဝင်ရပါတယ်၊ မိမိမြို့နယ်ရှိပြည်သူများအတွက် လိုအပ်မည့်မေးခွန်းများကို လွှတ်တော်သို့ တင်ပြမေးမြန်းခြင်း နိုင်ငံတော်အတွက် လိုအပ်သော ဥပဒေကြမ်းများကို လေ့လာပြီး ဆန္ဒပြုခြင်း တာဝန်ထမ်းဆောင်ရပါတယ်။

KMG - အခုထမ်းဆောင်နေတဲ့ နေရာအပေါ် အားရကျေနပ်မှုရှိသလား။ ဖြစ်ချင်တဲ့တခြားဆန္ဒများရှိခဲ့ရင် ပြောပြပါဦး။
ဦးပိုက်လင်း- မိမိထမ်းဆောင်နေရတဲ့ အခုလက်ရှိနေရာပေါ်မှာ အားရကျေနပ်ပါတယ်၊ တစ်ခြားပြောချင်တဲ့ ဆန္ဒကိုပြောရရင်တော့ လွှတ်တော်တွင်း ဥပဒေပြု တာဝန်ထမ်းဆောင်သူအနေ ဖြင့် ဒီမိုကရေစီနည်းကျပြုစုတဲ့ ဥပဒေသစ်တွေကို၊ အကောင်အထည်ဖော်မဲ့ တာဝန်ရှိအစိုးရ ပိုင်းအနေဖြင့် အလျှင်အမြန်အကောင် အထည်ဖော်ပေးချင်သော ဆန္ဒပဲရှိပါတယ်။

KMG - လွှတ်တော်မှာတင်ပြတဲ့ အချက်တွေပေါ် အားရမှုရှိပါသလား။
ဦးပိုက်လင်း- ယနေ့ထိ လွှတ်တော်တွင် မိမိတင်ပြချက်များအပေါ်အားရမှုရှိပါတယ်၊ ကျွန်တော်ပြည်သူပါ။

KMG - ပြည်သူတွေဖြစ်စေချင်တဲ့ ဆန္ဒ၊ ဆရာ့ပါတီရဲ့ဆန္ဒ နှင့် ဆရာ့ ဆန္ဒအကြားကကွာဟမှုတွေများရှိခဲ့ရင် ပြောပြပါဦး။
ဦးပိုက်လင်း- ပါတီဖြစ်ချင်သော ဆန္ဒမှာ တစ်ထပ်တည်းရှိပြီး၊ ကွာဟမှုမတွေ့ပါဘူး။

KMG - ပလက်ဝမြို့နယ်အတွက် ဘယ်ဟာကအလိုအပ်ဆုံးတွေဖြစ်နိုင်ပါသလဲ။ အဲဒီအလိုအပ်ဆုံးတွေကိုကောဘယ်လိုများလုပ်ယူနိုင်ခွင့် ရှိမလဲ။ ဆရာမြင်သလိုဖြေပေးစေချင်ပါတယ်။
ဦးပိုက်လင်း- ပလက်ဝမြို့နယ် ပြည်သူအတွက် အလိုအပ်ဆုံးဆိုရမှာက လူမှုစီးပွားဖွံ့ဖြိုးဖို့ပဲဖြစ်ပါတယ်၊ ဒီလိုအချက် ရယူနိုင်ရေးအတွက် လုပ်ဆောင်ပေးသူ နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်ဆောင်အကောင်ထည်ဖော်ရေးမှာ ပူးပေါင်းပါဝင်သူပြည်သူတို့ဟာ တာဝန်ခံ၊ တာဝန်ယူနိုင်မှုအတွက် နိုင်ငံရေးအသိပညာပေးဖို့ အများကြီးလိုအပ်ပါတယ်။

KMG - ဒီ ၂ နှစ်ကာလအတွင်းပလက်ဝမြို့နယ်ပြည်သူများအတွက် အောင်မြင်စွာဆောင်ရွက်ခဲ့တဲ့ ဆရာ့ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ပလက်ဝဒေသခံများ မြင်သာအောင် ဝေငှပေးပါဦး။
ဦးပိုက်လင်း- လွှတ်တော်သို့ မိမိတင်ပြချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် လောလောဆယ်မြင်သာတဲ့ ဖြစ်ထွန်းမှု မရနိုင်သေးပါဘူး၊ ကျွန်တော်တို့မြို့နယ်ဟာ ဝေးလံခေါင်းပါး၊ ဆယ်သွယ်ရေးခတ်ခဲတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

KMG - ဆရာ့ရဲ့ နိုင်ငံရေးအမြင်နှင့် ခံယူချက်ကိုလည်းသိပါရစေ။
ဦးပိုက်လင်း- အတ္တစိတ်ကင်းပြီး အများအကျိုးရှေ့ရှူးသော ဒီမိုကရေစီကျင့်စဉ်ဖြင့် ဆက်လက်လုပ်ဆောင်မည်ဟူသော အမြင်နှင့် ခံယူထားပါတယ်။

KMG - ရှေ့ဆက်ပြီးလုပ်ဆောင့်မယ့် ကိစ္စတွေကိုလည်းပြောပြပါဦး။
ဦးပိုက်လင်း- ပလက်ဝမြို့နယ်၊ ပြည်သတွေအတွက် နိုင်ငံတော်ကနေ ပံ့ပို့လုပ်ဆောင်ပေးမှုတွေရဲ့ အောင်မြင်ဖြစ်ထွန်းမှုကို ဆက်လက်လေ့လာ၊ ထိန်းညှိ၊ စောင့်ကြည့်၊ ညှိနှိုင်း၊ ဆောင်ရွက်ပေးသွားပါမှာပါ။

KMG - တခြားကောဘာများ ဖြည့်စွက် စရာရှိပါသလဲ။
ဦးပိုက်လင်း- မိမိတို့မြို့နယ်သူ/သားများ တိုးတက်ဖွံ့ဖြိုးရေးနှင့် တခြားမြို့များအဆင့် လိုက်မှီနိုင်ရေးအတွက်၊ တာဝန်ခံအစိုးရ၀န်ထမ်းများ၊ လူထူးများအနစ်နာခံပူးပေါင်းလုပ် ဆောင်ကြမှ ဖြစ်နိုင်ပါမယ်။

KMG – Khumi Media Group ကနေတဆင့် ဆရာရဲ့ ခူမီးလူမျိုှးအနာဂတ် မျှော်လင့်ချက်ကိုပြောပြပါဦး။
ဦးပိုက်လင်း- ဒေသဖွံ့ဖြိုးရေးကို ဒေသခံလူမျိုးစုများ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ပါမှ ခူမီးဟူသော ဒေသနေလူမျိုးအားလုံးတို့ အသိပညာဆင်းရဲမှု၊ စားဝတ်နေရေး ဆင်ရဲမှုမှ လွှတ်မြောက်နိုင်မည်ဟု မျော်လင့်ပါတယ်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
13 September 2012 at 01:47

Email py by y, teliphone py by, leangleang ri adyn nai py by u y manai kamta khumi pri palum u ai moh? Email hawi coplet sa, nai neng tang bo. Angai chi aw pany u y rai a? Aisau

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger