မလေးရှားတွင် လ၀က မှ နိုင်ငံခြားသားများအား လိုက်လံဖမ်းဆီးနေ

Thursday, September 13, 20120 မှတ်ချက်



ကွမ်လ်လမ်လန်ပူ၊ စက်တင်ဘာ ၁၃----မလေးရှားနိုင်တွင် ယခုလအတွင်းတွင်စတင်ကာ အဖမ်းအဆီးများ အရမ်းများပြားကြောင်း မလေးရှားရှိ ခူမီးကွန်မြူနီတီ၏ Coordinator ကိုလွင်လွင်မှ ကေအမ်ဂျီသို့သတင်းပို့ခဲ့သည်။

၎င်းက ကေအမ်ဂျီသို့ပြောပြသည်မှာ “အခုဒီမှာအဖမ်းအဆီးများနေတယ်။ တနေကုန်အပြင်သွား နေရတယ်။ လ၀က တွေ နေရာတိုင်းအလုပ်တွေမှာ ၀င်ဖမ်းနေတယ်။ အခုဘဲရဲစခန်းက ပြန်လာတာ”ဟုပြောသည်။


မည်သို့သောသူများကို အဓိက ဖမ်းသည်ဟုမေးမြန်းချက်အားဖြေကြားသည်မှာ “: တချို့ တိုင်လို့။ တချို့က အလုပ်မှာစီမံကိန်းထားပြီးဖမ်းတယ်။ စားသောက်ဆိုင်၊စက်ရုံတွေကိုဝင်ဖမ်းတယ်။ : ဒီနေ့တောင် နှစ်နေရာကနေသတင်းလာပို့တယ်။ နောက်ပြီး လ၀ကဆိုရင် ယူအမ်ရော၊ commmunity ကဒ်ရောအကုန်ဖမ်းတယ်” ဟုပြောသည်။

ထိုသို့အဖမ်းအဆီးများအထဲတွင် ယနေ့အထိ ခူမီးလူမျိုးများ အဖမ်းအဆီးခံထားမှုမရှိသေးကြောင်း ပြောပြခဲ့သည်။
“ကျွန်တော်က လုံခြုံရေးတာဝန်ခံဆိုတော့ ကိုယ်တိုင်ရဲစခန်းသွားပြီး ရဲတွေကိုအကူအညီတောင်းပြီး အတတ်နိုင်ဆုံးပြန်လွတ်နိုင်အောင်ကြိုးစားပေးပါတယ်” ဟု ကိုလွင်လွင်မှ ပြောပြသွားလေသည်။

ထိုသို့အဖမ်းအဆီးများသော ကာလဖြစ်သောကြောင့် မလေးရှားတွင် နေထိုင်သော မည်သူခူမီး ညီအစ်ကိုမဆို အစစအရာရာ သတိထားရန်လိုအပ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger