သာယာဝ-ပလက်ဝချောင်းဝ-တွီကင်းဝကူးတိုးလိုင်း ဖျက်သိမ်းလိုက်ပြီ

Friday, September 21, 20120 မှတ်ချက်


ပလက်ဝ၊ စက်တင်ဘာ ၂၀-----ချင်းပြည်နယ်၊ပလက်ဝမြို့နယ် သာယာဝ-ပလက်ဝချောင်းဝ-တွီကင်းဝအထိ ကူးတိုးလိုင်းပြေးဆွဲခြင်းကို ၂၀၁၁-၂၀၁၂ စည်ပင်ဘဏ္ဍာရေးနှစ်အတွက်ရောင်းချထားခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြန်လည် ဖျက်သိမ်းလိုက်ပြီဟုသတင်းရရှိသည်။

၎င်းသတင်းနှင့် ပတ်သက်၍ ပလက်ချောင်းထဲတွင် နေထိုင်သောဒေသခံအရပ်သားတစ်ဦးမှ
ကေအမ်ဂျီသို့ ပြောပြသည်မှာ“၂၀၁၁-၁၂ စည်ပင်ဘဏ္ဍာအတွက် သာယာဝ-ပလက်ဝချောင်းဝ-တွီကင်းဝအထိ ကူးတိုးလိုင်းရောင်းချခဲ့ပေမဲ့ ၂၀-၉-၂၀၁၂ နေ့ကစပြီးပလက်ဝ-တွီကင်းလှိုင်းပြေးဆွဲတာကို
ဖျက်သိမ်းလိုက်တယ်လို့ သိရတယ်။ နောက်ပြီးကူးတိုးလေလံကြေးကိုလည်း ၃၉၉၃၀၀၀ိ/ သို့ လျော့ချပေးခဲ့တာကြောင့် ပလက်ချောင်းနေပြည်သူတွေ ကုလားတန်မြစ်ဖြတ်သန်းတဲ့ကူးတိုးခတစ်ဦးကို (၁၅၀)ကျပ်ပေးဆောင်ရင်လွတ်လွတ်လပ်လပ် သွားလာနိုင်ပါပြီ”ဟုပြောကြားသည်။

ဟွန်ဒါတစ်စီးလျှင် သတ်မှတ်ထားသောလူဦးရေထက် ခရီးသည် အပိုတင်ဆောင်ပါကကူတိုးခ 
ကောက်ခံသည့်နှုန်းထားအတိုင်း ပလက်ချောင်းဝဆိပ်ကမ်းတွင် ကူတိုးခပေးဆောင်ရသည်ဟု လည်းသိရသည်။

သာယာဝ-ပလက်ဝချောင်းဝ-တွီကင်းဝအထိ ကူးတိုးလိုင်းပြေးဆွဲခြင်းနှင့်ပတ်သက်၍ လွန်ခဲ့သောလများကဒေသခံပြည်သူများ၏ တိုင်ကြားချက်ကြောင်း ပြည်နယ် စည်ပင်သာယာရေးမှူးကိုယ်တိုင် သြဂုတ်လ ၈ ရက် နေ့တွင်သွားရောက်စစ်ဆေးမှုပြုခဲ့ပြီး အသေးစိပ်ပိုမိုဆွေးနွေးရန် ပလက်ဝမြို့စည်ပင်အရာရှိဦးအေးကျော်သည် ပြည်နယ်မြို့တော် ဟားခါးသို့ သွားရောက်ရာမှ ပလက်ဝသို့  ပြန်လာသောရက် ( ၃ )ခန့်အတွင်း ဤသို့ပြုပြင်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger