မျိုးဆက်သစ်ခူမီးလူငယ်များ စိတ်ဓါတ်ရေးရာ ပြုပြင်ရေး (အပိုင်း-၁)

Thursday, September 06, 20121မှတ်ချက်



ယနေ့ ခူမီးလူငယ်တော်တော်များရဲ့ ရပ်တည်မှု၊ ဖြစ်တည်မှုအခြေအနေအရပ်ရပ်ကို လမ်းလှမ်းမီသလောက် လေ့လာပြီး ပြန်လည်တင်ပြသွားမှာပါ။ အဆိုးတွေကို မြင်သာအောင်ပိုတင်ပြမှာ ဖြစ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးပါ။ တစ်ဦးတစ်ယောက်ကို ပုတ်ခက်ပြောဆိုခြင်း လုံးဝကင်းသည်ကို လက်ခံပေးစေလိုသည်။ ကဲ..စပြီ အပိုင်း (၁)..။

မိဘက တောင်သူတွေ။ တောင်ယာလုပ်ပြီးကျောင်းထားတယ်။ သူတို့ပင်ပန်းတာကို သနားလို့၊မမြင်ရက်လို့ ကျောင်းမနေတော့ဘူး။
ကျောင်းထွက်ပြီး အလုပ်လုပ်မယ်။ မိဘကိုကူညီမယ်။ စာတော့ ဖတ်တတ်ရုံဆိုတော်ပြီပေါ့။ ဆယ်တန်းအောင်ပြီး ဘာလုပ်စရာမှမရှိတဲ့ သူတွေတစ်ပုံကြီး။ မျက်မြင်ပဲလေ။ ဆိုတဲ့အတွေးတွေက ကလေးပီပီတွေးတတ်ကြသလို တချို့အမြင်မကျယ်တဲ့ မိဘတွေတိုင်းကလည်း ဒီလိုပဲ လက်ခံကျင့်သုံးတာ တွေ့ရတာဒီကနေ့အထိပါပဲ။ ရှည်ရှည်ဝေးဝေး လိုက်ကြည့်နေစရာတောင်မလို။ ကျွန်တော့် အသိုင်းအ၀ိုင်းပတ်ချာလည်မှာ တစ်ပုံကြီး။

ဒီလိုနဲ့ အရွယ်မရောက်ခင် တောင်ယာလုပ်၊ မိဘအလုပ်ကိုကူညီတာကို ပီတိတွေဖြာလို့။ အရွယ်နဲ့မလိုက်ပဲ ကလေးတွေရကုန်ပြီ အော်..ငါတယ်ဟုတ်ပါလား..ဆိုတဲ့ပီတိစိတ်ကလေးနဲ့ ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းလိုက်တာက ရေလည်ဟုတ်နေတာပဲ။

ဒီလိုနဲ့ စာတတ်ပေတတ်သူတွေ လျော့နည်းလာတယ်။ တချို့ကျတော့လည်းတစ်မျိုး ဆယ်တန်းနဲ့ပဲ ကျေနပ်နေကြတယ်။ ငါဆယ်တန်းတောင် ရောက်နေပြီပဲ။ ရွာမှာတော့ အဲလောက်ဆို မခေတော့ဘူးဟေ့ ..ဆိုပါတော့။ ဆယ်တန်းအောင်တာက ငါ့အလုပ်မဟုတ်ဘူး။ ဒါထီထိုးသလိုပဲ။ ကံကောင်းရင်အောင်မယ်။ ဆိုးရင်ကျတာပါပဲ။ ရှက်စရာမှမလိုတာ အများနည်းတူငါလည်း လူပဲ ဆယ်တန်းတော့ကျမှာပေါ့။ ဒီလိုချိန်ခွင် စောင်းနဲ့ချိန်ပြီးတော့ စာဖတ်တာ ညကိုးနာရီဆို ၂ ရေးတောင်ရပြီ။ အစကတည်းက ရည်မှန်းချက်ကြီးတော့ စာမေးပွဲလည်း တဘုန်းဘုန်းကျလေရော။

၂၀၀၀ လောက်ဆယ်တန်းဖြေတဲ့ထဲက ၄၀ သာသာအောင်တယ်။ အဲဒီထဲမှာ ခူမီးက ၂၅ ယောက်လောက်ပါတယ် ထားပါတော့။ ဆယ်တန်းအောင်တော့လည်း ဘာလုပ်ရမယ်မသိ။ အစကတည်းက အောင်မယ်လို့မှ ထင်မထားပဲ ထအောင်လိုက်တော့ ကြောင်အမ်းအမ်းနဲ့ ဘာလုပ်ရမယ်မသိ။ ဟိုလူ့မေး၊ဒီလူ့မေး ..ငါဘာလုပ်ရင် ကောင်းမလဲ..ဟိုဟာလုပ်ကြည့်၊ ဒီဟာလုပ်ကြည့်။ ၀ါသနာပါလို့တော့ မဟုတ်။ ကြက်ကန်းတောတိုးများ ရမလားလို့ တီးခေါက်ရင်း ငွေကုန်ရ၊ လူပန်းရတဲ့အဖြစ်နဲ့ကတိုးပြီ။ 

အင်းဘာပဲဖြစ်ဖြစ် အဝေးသင်တော့ တက်လိုက်မှ။ အခြေခံမကောင်းလို့လား စိတ်ဓါတ်ရေးရာ ညံ့လို့လားမသိ ပထမနှစ်ကို ၅ နှစ်ဖြေနေရတဲ့ သူတွေတောင် ရှိဖူးတယ်လို့ကြားဖူးတယ်။ အင်း..၄-၅ နှစ်ကျတဲ့ လူတွေတောင် ရှိသေးတာပဲ ဆိုတဲ့အတွေးလေးနဲ့ စာမဖတ်ချင်၊ စိတ်လည်တယ်။ အခြေခံကျောင်တုန်းက ဆရာ/မတချို့ပြောပြချက်အရ တက္ကသိုလ်မှာ ရည်းစားရှိမှ လူရည်လည်တာတဲ့။ ကိုယ်ထားချင်ရင် ထားချင်တယ်ပေါ့။ ဟော့.. အပျော်တွေလွန်ပြီး စာမကျက်ဖြစ်။ အာ..စပေါ့(စ်)ရှိရင်ပြီးတာပဲ။ ခေါင်းထဲမှာ စာကမပိုင်ဘူး။ ပိုင်တာက စပေါ့(စ်)တွေ။ ရည်းစားမရသေးသူတွေ ကလည်း စိတ်လည်လာပြီ။ ငါအဲလောက်တောင် မချော၊မလှလို့များ အခုထိ ရည်းစားမရနိုင်သေးတာလား တွေးပြီ။ စိတ်ကိုမထိန်းနိုင်၊ မသိမ်းနိုင်။ ဘာပဲဖြစ်ဖြစ် အသက်အကြီးကြီး အပျိုကြီး/လူပျိုကြီးတွေ အများကြီးပါ။ မစွံတော့လည်း အပျိုကြီး/လူပျိုကြီးပဲ လုပ်မှာပေါ့။ ဒါနဲ့ပဲ မာနကအမောက်ထောင်တက်ပြီး ခူမီးလူဦးရေ တိုးတက်သင့်သလောက် မတိုးတက်နိုင် ဖြစ်ရပြန်ပြီ။

ဘွဲ့လည်းရ။ မယ်မယ်ရရ လုပ်စရာက မရှိ။ တောင်ယာလည်းမလုပ်ချင်။ ကိုယ်က ပညာတတ်တစ်ယောက် ဖြစ်ပေမဲ့ ဆယ်တန်းကျတဲ့သူနဲ့ မခြားနား။ ဒါက ဘာဖြစ်လို့လဲ။ စပေါ့(စ်)ကို အားကိုးလွန်သွားလို့ပေါ့။ ဒီလိုနဲ့ လူငယ်တွေ ကြုံရာလုပ်။ ဖြစ်သလိုနေချင် စိတ်ကပေါ်လာတယ်။ အရည်အချင်းတွေလည်း ကျလာတယ်။ စိတ်ဓါတ်ရေးရာမှာ အားနည်းလာတယ်။ သူတစ်ပါးကို အားကိုးအထင်ကြီးစိတ် ရင့်သန်လာတယ်။

နည်းလမ်းတွေမရှာတတ်တော့ဘူး။ အခွင့်အလမ်းတွေမရှိတော့ မျှော်လင့်ချက်တွေလည်းေ၀၀ါးသွားလေပြီ..။
နောက်ဆုံးတော့ အပြစ်တင်စရာက ဒါတွေက ဘာဖြစ်လို့လဲ? ဘယ်သူ့ကြောင့်လဲ? မိဘတွေကြောင့်လား? အခြေအနေအမျိုးမျိုးကြောင့်လား? မိမိကိုယ်တိုင်ရဲ့အားနည်းချက် ကြောင့်လား? ဘေးပတ်ဝန်းကျင်ကြောင့်လား? တာဝန်ရှိသူတွေကြောင့်လား? ။ သိပ်လည်းအားမငယ်ပါနဲ့ ငါတို့ရယ် မဟုတ်ပါဘူး။ ငါတို့ဒေသနဲ့  အနဲနဲ့အများတူတဲ့ဒေသတွေ ရှိပါသေးတယ်။ 

 ပီတာလွယ်လူး (Lu Len) ၂၀၁၂ စက်တင်ဘာ ၆ ရက်ည ၉း၃၀ တွင်ရေးသားသည်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
7 September 2012 at 00:45

Be chy peterlawilu thui nai khri teng prai nai leu sai ne. Jangni kha miteung chi thui nai leu sai awm, ati moh nabyly ( kani pri patien i ui thui niu dang) lawn napi nai leu sai awm. Huni leu sai ly vainih achi khumi chi te tang law nai tla bo. Khumi anglo,thodeang chi aw manai adawn u moh? Achi khumi thodeang,anglo chi py cha kawp nai neungneung awm bo. Ni chi cha tajyh nai ly email ra py, media ra py kai ly niu vainih pa,ri niu vai y nai tla. Kani pri awm awm keng nai a? khaileang kho satla keng nai maw kai ly adawn kawp y na vih bo.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger