Thursday, September 06, 20120 မှတ်ချက်

( ငါတို့မျိုးဆက် )

ငါတို့ဖွားရာ...ဒီမြေပေါ်ဝယ်
ငါတို့မျိုးဆက် ဂုဏ်မြင့်တတ်ဖို့

ပညာမြင့်မြင့် တတ်သိသင့်၏။

ဒီရေ ဒီမြေ အရင်းခံလို့


ငါတို့မျိုးဆက် သွင်ပြင်လက်ဖို့

ဥစာများဖြင့် ကြီးပွားသင့်၏။

ဒီတော ဒီတောင် ဒီမြေပေါ်ဝယ်

ငါတို့မျိုးဆက် ကျန်းမာသွက်ဖို့

သမားဝင့်ဝင့် ရှိထားသင့်၏။

သက်ရှိလောက အဆုံးတိုင်အောင်

ငါတို့မျိုးဆက် မပျောက်ပျက်ဖို့

ရိုးရာ. စာပေ သမိုင်းဆက်အောင်

ထိန်းသိမ်းသင့်၏။

ငါတို့မျိုးဆက်ထင်ပေါ်စေဖို့

လုံလမလျော ဇွဲသန်ကြီး ရင့်

အဘက်ဘက်မှ ကြိုးစားသင့်၏။

သည်မြေမှာနေ သင်သည်လည်း

မြေကျေးဇူး အထူးမှတ်လို့

ဘယ်သောခါမှ ကျေးမစွတ်အောင်

အထူးသတိဆောင်ပါလေ.......။
                                             ငြိမ်းမောင်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger