ဂိမ်းဆောရင်း ကောင်တာမှငွေယူသုံးသော အသိတစ်ဦးအတွက် အာမခံငွေစိုက်ထုတ်ပေးသူခူမီး အမျိုးသမီး ၂ ဦး အလုပ်မှအထုတ်ခံရ

Thursday, September 06, 20120 မှတ်ချက်



ကွမ်လာမ်လန်ပူ၊ စက်တင်ဘာ ၆---အလုပ်လုပ်ရင်း မိမိရှုံးနိမ့်ခဲ့သော Games ကစားသည့်အလောင်းအစားအတွက် ပြန်ဆက်ရန် ရုံးကောင်တာမှငွေကို သုံးစွဲမိသောအမှုတစ်ခု မလေးရှားတွင် ဖြစ်ပွားခဲ့သည်ဟု ကေအမ်ဂျီမှ သတင်းရရှိသည်။


အဖြစ်အပျက် အကြောင်းစုံမှာ
“ဂိမ်းဆိုင်မှာအလုပ်လုပ်သူက ခူမီးကောင်မလေး ( ၂ ) ယောက် ပါ တစ်လကိုလစာ 1250 ခန့် ရကြတယ်။ ဖြစ်ပျက်တာက ( 3) ရက်နေ့မှာပါ။ အိုက်စိုး ရဲ့သူတော်စပ်သူ အိုက် ထွန်းနိုင် ( အသက် မသိ) သူက ဂိမ်းဆိုင်သို့ ဂိမ်း ကစားလာပြီး ပါလာတဲ့
ပိုက်ဆံအကုန်ဆုံးလို့ အဲဒီဂိမ်းဆိုင်မှာစောင့်နေတဲ့ ခူမီးမလေး နှစ်ယောက်ဆီကနေ ပိုက်ဆံ( 5000) ကျော်ကို ခိုးယူသုံးစွဲလိုက်တာပါ။ ပိုက်ဆံမရှိတောမှန်း သိလာတဲ့အခါကျမှ သူဌေး ကိုခေါ်ပြိး စစ်ဆေးတယ်။ ဦးလေးဖြစ်သူအိုက်စိုးကိုလည်းဖုန်းဆက်ခေါ်တယ်။ သူဌေးက စိတ်းဆိုးလို့ ပိုက်ဆံမပေးရင် အိုက်ထွန်းနိုင် ကို ဂိုဏ်စတားတွေ ခေါ်ပြီး သက်ပစ်မယလို့ပြောလိုက်တယ်။ ဒါနဲ့ သူ့ဦးလေးလည်း  ဘယ်တတ်နိုင်တော့မလဲ။ ဂိမ်းဆိုင်မှာအလုပ်လုပ်နေတဲ့ ခူမီးမလေး နှစ်ယေကဆီကနေ သူ့ကို လုံးဝ မသက်ပါနဲ့ သမီးတို့ ပိုက်ဆံရမည့် လစာကနေ ယူလိုက်ပါလို့  သူဌေးကို အားသနားခံ တောင်းပန်ခိုင်းပြီး။ သူကိုယ်တိုင်ကလည်း လက်ထဲမှာရှိ တဲ့ပိုက်ဆံ 1200 ကျော်ရေ၊ အိုက်စိုးဆီမှာကျန်သေးတဲ့ 800 နှင့် ဂိမ်းဆိုင်လုပ်သူ ခူမီးမလေးတို့ဆီက လစာတွေနဲ့ပေါင်းပြီး ယူထားတဲ့ ရင်းကစ်(5000)ကျော် ကို ပြန်ဆပ်ခဲ့ရတယ်။ အဲဒါကြောင့် ပိုင်ရှင်က အိုက်ထွန်းနိုင်ကို ပြန်လွတ်ပေးလိုက်တာပါ။ ဒီပြသနာကြောင့် ဂိမ်းဆိုင်ကနေ ခူမီးမလေး နှစ်ယေက်လည်း အလုပ်ထုတ်ခံရတယ်။ အခုထိ အလုပ်လည်ပြန်းမရသေးဘူး။ ရလာမဲ့ လစာ တွေအတွက် အိုက်ထွန်းနိုင်ရဲ့ ဦးလေး တော်သူဆီကပြန်တောင်းပေမဲ့ ကံယာကံရှင်ဆီကိုပဲပြန်တောင်းဖို့ပြောတယ်။ သူ့သူ အလုပ်လုပ်ပြီးမှ သူ့ ဟာသူ ပြန်ဆပ်ပါစေလို့  ပြောတဲ့အတွက် ဂိမ်း ဆိုင်တွေနဲ့ လမ်းတွေမှာလည်း အိုက်ထွန်းနိင်ပုံကို c.c.t.v နဲ့ ဖမ်းယူထားတဲ့ ပုံတွေကို လမ်းဆုံတွေ၊ နံရံတွေ၊ ဈေးဆိုင်တွေမှာ ကပ်ထားတယ်” ဟု အနီးကပ်ဆုံးမြင်တွေ့ရသူတစ်ဦးမှ ပြောပြခဲ့သည်။

“အခုလို ဖြစ်တာ မကောင်းပါဘူး။ ခူမီးတစ်ယောက်အနေနဲ့ ကြားလို့လဲ မကောင်းပါဘူးဗျာ..သူများဒေသမှာ က ပိုပြီးသတိထားသင့်ပါတယ်။ ” ဟု မလေးရှားတွင် ရှိသော အခြားခူမီး အသိတစ်ယောက်က သုံးသပ်ဝေဖန်ခဲ့သည်။

“အရမ်းအန္တာရယ်များတယ်။ ဂိမ်းဆိုင်မှာက လူမိုက်ဂိုဏ်းစတားတွေထားတယ်။ သူ့ကိုဘာမှမလုပ်တာသိပ်ကံကောင်းတယ်” ဟုလည်း အခြားခူမီး အသိမိတ်ဆွေမှလည်း ပြောသွားသည်။

ပလက်ဝမြို့နယ်မှ မလေးရှားသို့ ၂၀၁၁ခုနှစ်တွင် ရောက်လာသော အိုက်စိုးသည် မိမိ၏ အမှတ်တမဲ့ အလျင်စလိုပြုမူခြင်းကို ရှောင်ရှားနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ မလိုအပ်သော အဖြစ်အပျက်နှင့် တွေ့ကြုံရခြင်းဖြစ်သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger