စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေများ ချပေးမည်

Thursday, September 20, 20120 မှတ်ချက်


မိုးကြီးလို့ ပျက်စီးနေတဲ့စပါးခင်း
ရန်ကုန်၊ စက်တင်ဘာ ၂၁-----၂၀၁၂-ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ (၁၄း၀၀)နာရီအချိန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သော ပလက်ဝမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညိုနှိုင်း အစည်းအဝေး (၂/၂၀၁၂) တွင် မြို့နယ်ဌါနဆိုင်ရာ လူကြီး ၁၁ ဦးတက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေးကို လုပ်ကိုင်သောတောင်သူများ အတွက်
ပြည်နယ်မှ ချေးငွေများချပေးမည့်ဆွေးနွေးချက်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။


ဝ ဥ စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရေးနှင့် သမ၀ါယမ အသင်းများဖွဲ့စည်းပြီး ချေးငွေများ တင်ပြလာပါက ထုတ်ပေးမည့် အစီအစဉ်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန သည်လည်း စပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ချည် မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ဆီမုန်ညင်း၊ ဂုံလျှော်၊ ချက်ကြံများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးလာ နိုင်မည်ဖြစ် သည်ဟု စက်တင်ဘာ ၆ရက်နေ့ထုတ် ခိုနှုမ်းထုန် သတင်းတွင်ဖော်ပြထားသည်ကို တွေ့ရသည်။

ပလက်ဝမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညိုနှိုင်း အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်မှ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်း ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အားနည်းနေသေးကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဤဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ် အခြေခံပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အားနည်းသောဌါနများ အထက်အဆင့်သို့ တင်ပြမည်ဖြစ်ကြောင်း၊ ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ကဏ္ဍအသီးသီးများကို အလေးထားဆောင်ရွက်ရန်နှင့် ဌါနဆိုင်ရာအကြီးအကဲများ မိမိဌါန၊ လုပ်ငန်းအပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပင်မတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးသွားခဲ့သည်။

ပလက်ဝမြို့နယ်၏ စိုက်ပျိုးရေးဦးစီးမှူးဦးမှန်ကီးမှ ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဖုန်းအားဖြင့်ဆက်သွယ် ညွန်ကြားချက်အရ၊ ပလက်ဝမြို့နယ်အတွက် ချေးငွေ-စပါး (ပုလဲသွယ်) အတွက် သန်း (၅၀)၊ ၀ဥအတွက် သန်း(၅၀၀)၊ အခြားသီးနှံအတွက် သန်း (၁၂၅) စုစုပေါင်း သန်း(၆၇၅) ရရှိမည်ဖြစ်ကြောင်း၊ ၀ဥစိုက်တောင်သူများကို ပုံနှင့်တကွ တင်ပြလာသော တောင်သူများကိုသာ ထုတ်ချေးမည် ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ကေအမ်ဂျီမှ သတင်းရရှိသည်။
ထိုသို့ ချေးငွေထုတ်ပေးသည်ဆိုရာတွင် စိုက်ပျိုးရေးချေးငွေများကို ကောင်မတီက စိစစ်ပြီးမှ ထုတ်ချေးရန် နှင့် ၀ဥမျိုးစေ့ ရောင်းချမှုကို ထိန်းသိမ်းရန် ဟူသောမချက်များလည်းပါဝင် ဆွေးနွေးခဲ့သည်ဟုသိရှိရသည်။

ဤသို့ အစည်းအဝေး ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပလက်ဝ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လစဉ်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ညှိုနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း သိရှိရသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger