CNP & CPP နှစ်ပါတီပူးပေါင်းရန်အဆင်သင့်ရှိကြောင်း ၀န်ကြီးကျော်ငြိမ်းပြော

Thursday, September 20, 20120 မှတ်ချက်



ဝန်ကြီး ကျော်ငြိမ်း

ရန်ကုန်၊ စက်တင်ဘာ ၂၀----ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီပူးပေါင်းရေးအတွက်ပလက်ဝမြို့နယ်၊ ချင်းတိုးတက်ရေးအမှုဆောင်အဖွဲ့ အနေဖြင့် ပူးပေါင်းရန်အသင့်ရှိကြောင်း ချင်းတိုးတက်ရေးပါတီမှ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်း(သတ္တုနှင့်သစ်တောဝန်ကြီး၊ ချင်းပြည်နယ်အစိုးရ)မှ ပြောကြားသည်

ဦးကျော်ငြိမ်းအနေဖြင့် ရန်ကုန်မြို့တွင် ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)၏ အမှုဆောင်လူကြီးများနှင့် ၁၉-၉-၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီ
ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးစောမြလည်း တက်ရောက်ခဲ့သည်ဟုသိရသည်

ပလက်ဝမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွတ်တော်တစ်ဦး၊ အမျိုးသားလွတ်တော်တစ်ဦးနှင့်ပြည်နယ်လွတ်တော်နှစ်ဦး အနိုင်ရရှိထားသည်။


“ကျွန်တော်ကနှစ်ပါတီပူးပေါင်းရေးကော်မတီမှာပါတယ်။ ပူးပေါင်းရေးအတွက်နှစ်ဖက်သဘောတူ roadmap ချ ပြီးပြီ၊ CPP အနေနဲ့ မြို့နယ်အမှူဆောင်အဖွဲ့ သဘောထားတောင်းခံမယ် ဆိုတဲ့အဆင့်မှာတစ်နေတာ” ဟု ဦးစောမြမှ ကေအမ်ဂျီသို့ပြောသည်။

ချင်းအမျိုးသားပါတီအနေဖြင့် နှစ်ပါတီ ပူးပေါင်းရေးကော်မတီ၏ အဆိုပြုချက်အား လက်ခံအတည်ပြု ကြောင်း အကြောင်းကြားခြင်း စာတမ်းကို စာအမှတ်၊ ၁/ပူး (က)/၁၂ ဖြင့်  ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းကို ၄င်းတို့၏ website တွင်ဖော်ပြထားသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger