ပလက်ဝတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်

Sunday, September 09, 20120 မှတ်ချက်


ပလက်ဝ၊ စက်တင်ဘာ ၁၀--------NGO အဖွဲ့တစ်ခုကို ဦးဆောင်လျှက်ရှိသော ဦးခင်အောင်မှ လူ့အဖွဲ့အစည်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေး အဓိကလိုအပ်ချက်တစ်ရပ် ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၅ ရက် က ရိကွာရပ်ကွက်တွင် ပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲတွင် အဖွဲ့အစည်း ၆ခုမှ ကိုယ်စားလှယ်တော်များကိုသာဖိတ်ကြားထားပြီး စုစု ပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


တက်ရောက်သော အဖွဲ့အစည်းများမှာ ပလက်ဝလူမျိုးနွယ်စု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၊ ငွေစင်ကြယ်အဖွဲ့ (ကက္ကူးဝရွာ)၊ M.E.E.T. ၊ C.D.E.O (စိမ်းစင်းရွာ)၊ KMG & KYA ၊ C.T.T.F (ချင်းတောင်တန်းဖေါင်ဒေးရှင်း) တို့ဖြစ်သည်။

“အခုလို လုပ်ပေးတာ ကောင်းပါတယ်။ ကျွန်မတို့အတွက် အမြင် အသစ်အဆန်းတွေ ရတာပေါ့။ ဒီလိုများများလုပ်ပေးရင် သိပ်ကောင်းမယ်”ဟု တက်ရောက်သူတစ်ဦးမှ ပြောသည်။

အခုပြုလုပ်သော အစီစဉ်မှာအလုပ်ရုံဆွေးနွေးပွဲသာ ဖြစ်ပြီး လာမည့် စက်တင်ဘာလ (၁၉)ရက်တွင် သင်တန်းပြုလုပ်ရန် အစီအစဉ်ရှိကြောင်းရရှိသည်။

Be Pui
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger