ပလက်ဝ မီးသတ်ရုံးကို နေရာ ရွေးပြောင်း၊ အီးပီစီမီးဖြန့်ဝေမှု အရင်အတိုင်းသာ ရှိနေဆဲ

Monday, September 10, 20120 မှတ်ချက်


ပလက်ဝ၊ စက်တင်ဘာ ၁၁----ပလက်ဝမြို့၊ အခုလက်ရှိ မီးသတ်ဦးစီးဌာနဗဟိုစခန်းကို ပလုတ်တောင်ဘက်မြေနေရာတစ်ခုတွင် ပြန်လည်သတ်မှတ် နေရာချ ပေးထားကြောင်း သတင်းရရှိသည်။
ယခင်က ယာယီပင်မရုံးစိုက်ရာနေရာအဖြစ် မြို့မရပ်ကွက်တွင် နေရာချခဲ့သော်လည်း မကြာခင်အတွင်း ပြောင်းရွေး သတ်မှတ်ထားသော နေရာသစ်သို့ စတင်ပြောင်းရွေးတော့မည်ဖြစ်သည်။


မီးသတ်ကားကို စမ်းသပ်သည့်သဘောအဖြစ် ၇-၉-၂၀၁၂ နေ့တွင် ပလက်ဝမြို့ကို တစ်ပတ် ပတ်မောင်းပြပေးခဲ့သည်။ မီးသတ်ရုံးတွင် ယာဉ်မောင်းကျွမ်းကျင်သူ ကောင်းကောင်းမရှိသေးသောကြောင့် အခြားယာဉ်မောင်းကျွမ်းကျင်သူ ဦးသန်းနိုင်ဦးအား
အကူအညီတောင်းပြီး မောင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ မီးသတ်ကားသည် ယခင်နှစ်များတွင် အင်ဂျင်မကောင်းသောကြောင့် စက်မလည်ပတ်နိုင်ပဲ အဖြစ်သဘော ထားရှိခဲ့ရာမှ ချင်းပြည်နယ်ဝန်ချုပ်ကြီး၏ ပလက်ဝခရီးစဉ်တွင် ၄င်းမီးသတ်ကားအား ပြုပြင်ရန် ကျပ် သိန်း(၂၅) ပေးအပ်ခဲ့သောကြောင့် ပြန်လည် ပြုပြင်နိုင်ခဲ့သည်။  

သြဂုတ်လအတွင်း လကုန်လျှင် မီး ၃ နာရီ ဖြန့်ဝေပေးမည်ဟုသော သတင်းများ ထွက်ရှိသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်းမရှိသေးပဲရှိနေသည်။ ပလက်ဝ အီးပီစီမီး တစ်ရက်လျှင် အနည်းဆုံး (၃) နာရီခန့် လျှပ်စစ်မီးရရှိရေးအတွက် ဒေသခံပြည်သူစုစုပေါင်း (279) မှ လက်မှတ်ထိုးကာ ဇူလိုင်လ (၁၈) ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်သမ
တထံသို့ စာတင်ပြီးဖြစ်သည်။ 

Khu Teicha
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger