Chin World Media မှ ရန်ကုန်ရှိ ချင်းမီဒီယာအချို့နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြု

Monday, September 10, 20120 မှတ်ချက်


ရန်ကုန်၊ စက်တင်ဘာ ၁၁-----ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်၊ ချင်းအမျိုးသားပါတီရုံးတွင် Chin World Media ၏ စီစဉ်မှုဖြင့် မီဒီယာအခန်းကဏ္ဍတွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကျင်းပခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲတွင် Chin World Media မှ အထူးတာဝန်ရှိ အမှုဆောင်များ၊ ကဗျာဆရာကြီး မြကဗျာ၊ ခူမီးမီဒီယာအဖွဲ့ အမှုဆောင်အချို့၊ February 20 Journal မှ ထုတ်ဝေသူ ဆလိုင်းပေါလ်တင်ခုမ်းနှင့် အခြားမီဒီယာ ၀ါသနာရှင်များ စုစုပေါင်း ၁၀ ဦးတက်ရောက်ခဲ့သည်။

မကြာသေးမီအချိန်ကပင် တရားဝင်ထုတ်ဝေခွင့် ရရှိထားသော Chin World Media ၏ တာဝန်ခံအယ်ဒီတာ ဆလိုင်းမာန်မှ ပြောကြားသည်မှာ “ချင်းလူမျိုးနွယ်စုအားလုံးဟာလူမျိုးတူတွေဖြစ်တယ်၊ တချိန်ကအတူမွေးဖွားခဲ့တဲ့သူတွေဖြစ်တယ်။အခုချင်းလူမျိုးမှာဘုံစကားမရှိလို့ မီဒီယာတွေလည်းလူမျိုးနွယ်စုအလိုက် ကိုယ့်နည်းကိုယ်ဟန် လုပ်ဆောင်ကြတယ်။ Chin World ကိုလွန်ခဲ့တဲ့ ၅ နှစ်ကစတင်ခဲ့တာပါ။ အွန်လိုင်းမှာဖလမ်းချင်း နှင့် မြန်မာလိုရေးသားတင်ပြပါတယ်။ Chin World သတင်းတွေကိုနေ့စဉ်ကြည့်သူထောင်ကျော်ရှိပါတယ်။အပတ်စဉ်လိုက်ဆိုရင် ပရိတ်သတ်သောင်းကျော်ရှိပါတယ်။ CW ဟာချင်းပြည်နယ်တစ်ခုလုံးအတွက် ရပ်တည်တာဖြစ်ပါတယ်။ချင်းသတင်းတွေကိုတင်ပြတာပါ။ ချင်းမီဒီယာအားလုံးနဲ့ ပိုပြီးရင်းနှီးချင်ပါတယ်၊ ပူးပေါင်းချင်ပါတယ်။” ဟုဖြစ်သည်။
ထိုနောက် Feb’ 11, 2012 တွင် စတင်ဖွဲ့စည်းခဲ့သောခူမီးမီဒီယာအဖွဲ့၏အယ်ဒီတာအိုက်ပီတာလွယ်လူးမှ မိမိတို့အဖွဲ့၏ လက်ရှိအဓိကအားနည်းချက်များမှာ “သတင်းရေးသားသူနည်းပါးတယ်၊ သတင်းပေးပို့သူလည်းအားနည်းပါတယ်၊ နောက်ပြီးသတင်းပေးပို့တဲ့အခါ အရစ်အမြစ် ခိုင်မာမှု အားနည်းနေသေးတယ်၊ အဆိုးဆုံးကအမှုဆောင်တွေကအလုပ်ကိုယ်စီနဲ့ အားလပ်ချိန်နည်းတာလည်းပါပါတယ်၊ အရင်က Print out ထုတ်ဖို့ ကြိုးစားတာအခုထိမထုတ်နိုင်သေးတာကလည်းအခက်အခဲတစ်ခုပါပဲ၊ နောက်ဆုံးအနေနဲ့ကအင်တာနက်စာဖတ်သူတွေ နည်းတာပဲဖြစ်ပါတယ်” ဟုလည်းကောင်း၊  F-20 ထုတ်ဝေသူ Paul Tin Khumမှလည်းတင်ပြသည်မှာ“ဖလမ်းလိုထုတ်ဝေတာများလွန်းတယ်၊ ၀ယ်ဖတ်ဖို့ငွေမရှိတာလည်းပြသနာပါပဲ။ ကျွန်တော်ကိုယ်တိုင်ကအခြားအလုပ်တွေနဲ့ အရမ်းအလုပ်များနေတော့ အမှုဆောင်တွေကိုစည်းကမ်းရှိရှိမကိုင်တွယ်နိုင်တာလည်းပါပါတယ်။ နည်းလမ်းမှန်ပိုမို ကြည့်ကြပ်ရန်လိုအပ်တယ်။အခုခေတ်မှာလူတွေကသတင်းတွေကိုအင်တာနက်မှာဖတ်လို့ရတယ်။ ဒါကြောင့်ဆောင်းပါတွေကိုဦးစားပေးရေးသားပါတယ်”ဟုလည်းကောင်း၊ ခူမီးမီဒီယာအဖွဲ့၏ Circulating Manager အိုက်ဇက်ကျော်ထွန်းလှမှလည်းပါဝင်ဆွေးနွေးသည်မှာ “သတင်းရေးသားဖို့ အချိန်မပေးနိုင်တာပါ၊ နယ်ခရီးတွေ သွားရရင် ဘယ်လိုမှ သတင်းရေးလို့ မရတော့ဘူး။ နောက်ပြီးသတင်းယူတဲ့အခါလည်းဖုန်းနဲ့ ယူတာအဆင်မပြေတာတွေရှိတယ်။ သတင်းတစ်ပုဒ်ရဖို့ အတော်ကလေးကိုအားထုတ်ရတဲ့ အပိုင်းတွေ ရှိပါတယ်” ဟု ပါဝင်ဆွေးနွေးခဲ့သည်။
ကဗျာဆရာ မြကဗျာမှလည်း“အခုလို ၀ါသနာတူလူငယ်တွေ ပူးပေါင်းလုပ်ဆောင်တာအရမ်းကောင်းပါတယ်။ ဆက်လုပ်ကြပါ” ဟုပြောသွားခဲ့သည်။

ထို့နောက် နိုဝင်ဘာလတွင် ဗမာလို တရားဝင်စတင်ထုတ်ဝေတော့မည့် ချင်းတစ်ပြည်နယ်လုံးကိုယ်စားပြု Chin World Media ၏ ပထမ print out ခြေလှမ်းကိုအောင်မြင်စွာထုတ်ဝေနိုင်ရေး၊ ဖြန့်ချိရေးဆိုင်ရာဆွေးနွေးချက်များ နှင့် အခြားအချက်အလက်များကိုဆွေးနွေးခဲ့ပြီး၊ ကေအမ်ဂျီ နှင့် မိတ်ဘက် ရပ်တည် မည့် ကဏ္ဍများနှင့် ချင်းမီဒီယာတစ်လောကလုံးစည်းလုံးမှုရရှိရေးတို့ကိုအပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့လေသည်။

ထိုသို့ ဆွေးနွေးရာတွင် လာမည့် အောက်တိုဘာလအတွင်း Chin World Media ၏ အယ်ဒီတာဆလိုင်းမာန်ကိုယ်တိုင် ပလက်ဝနယ်သို့ သွားရောက်၍ ခူမီးမီဒီယာ ၀ိုင်းတော်သားများအား မီဒီယာပညာပေးတွေ့ဆုံပွဲများကို ပြုလုပ်ရန် စီစဉ်သွားမည်ဖြစ်သည်။ ဆလိုင်းမာန်သည် အကြာသေးခင်ကမှ “မြန်မာပြည်ထောင်စု ၀ါဒ (မြန်မာ့နိုင်ငံရေး၏ နောက်ဆုံးအဖြေ) စာအုပ်ကိုကလောင်သွေးမိမိ ရေးသားထုတ်ဝေထားသူ တစ်ဦးဖြစ်သည်။

တွေ့ဆုံပွဲကိုညနေ ၄နာရီတွင် ရပ်နားလိုက် ကြောင်း နှင့်ဤကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကိုပိုမိုကျယ်ပြန့်စွာအခါအားလျော်တရွေးဆက်လက်ဖိတ်ခေါ် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger