တရားဝင်ထုတ်ဝေခွင့်ရရှိတဲ့Chin World ချင်းသတင်းစာကို မကြာခင် ဗမာလိုထုတ်ဝေတော့မည်

Tuesday, September 04, 20120 မှတ်ချက်



ရန်ကုန်၊ စက်တင်ဘာ ၅------မနေ့ည ၆ နာရီမှာ Chin World Media မှ ဆလိုင်းမာန်ရဲ့ စီစဉ်မှုကြောင့် Chin World Media မှ ပြည်တွင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ကေအမ်ဂျီ အမှုဆောင် အိုက်ပီတာလွယ်လူးတို့ ရန်ကုန်၊ဆူးလေ လက်ေ၇ွးစင်ကော်ဖီဆိုင်မှာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

ထိုသို့တွေ့ဆုံခြင်းအပေါ် Falam ချင်းစာပေနဲ့ထုတ်ဝေတဲ့“February 20” Journal ရဲ့ ထုတ်ဝေသူ
ဆလိုင်း ပေါလ်တင်ခုန်း က “အရမ်းကောင်းတယ်....ဒီလိုမျိုးတွေ့တာ..။ အမေရီကန်မှာဆိုရင်   တီး (Tea) ပါတီတွေတောင် ရှိတယ်လို့ကြားတာဘဲ..” လို့ပြောသွားခဲ့ပါတယ်။

အဲဒီလက်ဘက်ဆိုင်တွေ့ဆုံတဲ့နေရာမှာ ဆလိုင်းရန်လင်းမာန်က Chin World Media အနေနဲ့ Chin World ချင်းသတင်းဂျာနယ်ကို ထုတ်ဝေခွင့်ရရှိပြီဖြစ်ကြောင်း၊ မကြာခင် ထုတ်ဝေတော့မှာဖြစ်ကြောင်း၊ ဒီလိုပြုလုပ်ခြင်းဖြင့် ချင်းသတင်းတွေကို စုံစုံလင်လင် ဗမာလိုဖတ်လို့ရတော့မှာဖြစ်ကြောင်း၊ ချင်းသတင်းမီဒီယာတစ်ခုအနေနဲ့ ပထမဆုံး ထုတ်ဝေခွင့် ရရှိတဲ့ သတင်းစာစောင်ဖြစ်တော့မှာဖြစ်ကြောင်း နှင့် အချင်းချင်းပူးပေါင်း ပါဝင်လိုကြောင်း စသဖြင့် ဝေငှသွားပါတယ်။

ဆက်လက်ပြီး ၄င်းသတင်းစာရဲ့ CEO ဖြစ်လာမည့် ဆလိုင်းမာန်က “သတင်းထောက်တွေကို မြို့နယ်တိုင်းမှာ လုံလုံလောက်လောက် ထားရှိသွားမှာပါ။ နောက်ပြီး ချင်းပြည်နယ် တစ်ပြည်နယ်လုံးကို သတင်းသမားအဖြစ် လွတ်လွတ်လပ်လပ် ၀င်/ထွက် သွားလာခွင့်ရရှိဖို့ ကြိုးစားပေးသွားမှာပါ” လို့ပြောသွားပါတယ်။

“လောလောဆယ်မှာ စာမျက်နှာ ၃၂ မျက်နှာခန့်ဖြင့် တစ်လတစ်ကြိမ် ထုတ်ဝေသွားမှာဖြစ်ပြီး၊ နောက်ပိုင်း အခြေအနေအရ တစ်ပတ် (သို့မဟုတ်) နှစ်ပတ် တစ်ခါနှုန်း ထုတ်ဝေသွားနိုင်ဖို့ စီစဉ်မှာဖြစ်တယ်”လို့ Salai Hung Tun Gei မှလည်းပါဝင်ဆွေးနွေးသွားပါတယ်။

ပြည်တွင်း ချင်းမီဒီယာတွေ ဒီထက်စုစည်းနိုင်ဖို့ မီဒီယာတွေ့ဆုံ ဆွေးနွေးပွဲလေးကို လာမယ့် စနေနေ့ ချင်းအမျိုးသားပါတီ ရုံးခန်းမှာပြုလုပ်သွားမယ် လို့လည်းသတင်းရရှိပါတယ်။

“Chin World Media ကအင်တာနက်ကနေ ချင်းသတင်းတွေကို လွင့်တင်တာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး ပရိတ်သတ် တော်တော်များများရဲ့ အားပေးမှုကိုရရှိတဲ့ ချင်းမီဒီယာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာစောင်အဖြစ် ထုတ်ဝေ သွားဖို့ အခုလို စီစဉ်လိုက်ရတာဖြစ်တယ်လို့” Salai Mang နှင့် Salai Peter Van Ceu တို့ကပါဝင်ပြောဆိုပါတယ်။ ဆွေးနွေးပွဲကို စုစုပေါင်း ၅ ဦး တက်ေ၇ာက်ခဲ့တယ်လိုသတင်းရရှိပါတယ်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger