ပလက်ဝမြို့နယ်လူမှုရေးအသင်း(ရန်ကုန်)၏ စက်တင်ဘာလ လစဉ်အစည်းအဝေးမှကောက်နုတ်ချက်များ

Monday, September 03, 20123မှတ်ချက်

ရန်ကုန်၊စက်တင်ဘာ ၃။------- ပလက်ဝမြို့နယ်လူမှုရေးအသင်း(ရန်ကုန်)၏ လစဉ်အစည်းအဝေးကို ဒေါပုံမြို့နယ်ရှိ၊ ပလက်ဝမြို့နယ်လူမှုရေးအသင်းတိုက်တွင် စက်တင်ဘာလ (၁)ရက်နေ့ မွန်းလွဲ ၁း၀၀နာရီမှ ၅း၀၀နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အမှုဆောင်အဖွဲ့နှင့် လူမှုရေးကိုစိတ်ပါဝင်စားသူ အသင်းဝင်အချို့ စုစုပေါင်း ၁၄ ဦး
တက်ရောက်ခဲ့သည်။
 အစည်းအဝေးကို ဥက္ကဌ ကိုယ်စား နာယက ဦးအောင်ကျော့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ယခင်လအစည်းအဝေးမှတ်တမ်းဟောင်းကို အတွင်းရေးမှူး ဦးစိုးသိမ်းက ဖတ်ကြားပြီးလက်ခံအတည် ပြုခြင်း၊ ၄င်းမှတ်တမ်းဟောင်းမှ ပေါ်ပေါက်ချက်ကိုပြန်လည်ဆွေးနွေးခြင်း၊ ဘဏ္ဍထိန်း ဦးပန်မင်းက အသင်း၏ သြဂုတ်လ၀င်ငွေ/ထွက်ငွေစာရင်းကို ရှင်းတမ်းတင်ပြခြင်း၊ ဆွေးနွေး မေးမြန်းခြင်းနှင့် ရှင်းလင်း ဖြေကြားခြင်းကို ပြုလုပ်ခဲ့ပြီး အတည်ပြုခြင်း၊
ထိုသို့ ငွေစာရင်းရှင်းလင်းချက်များတွင် လူမှုရေးအသင်းအနေဖြင့် လူမှုရေးကူညီ ပံ့ပို ရာတွင် ကုန်ကျသောထွက်ငွေများအကြောင်း၊ ပလက်ဝမြို့နယ်မှ လူကြီးများအား တွေ့ဆုံဧည့်ခံကုန်ကျ စရိတ်များအကြောင်းနှင့် အခြားကုန်ကျသော ထွက်ငွေစာရင်းကို အသေးစိတ်ပြန်လည် ဆွေးနွေးတင်ပြခြင်း၊ လက်ရှိပလက်ဝမြို့နယ်လူမှုရေး အသင်းတိုက် အဆောင်မှူး တာဝန်ယူလျက်ရှိသော အိုက်အောင်လွန်းထိုက် က အသင်းတိုက်၏ အခြေအနေအရပ်ရပ်ကို တင်ပြခြင်းများအပေါ် ဆွေးနွေးခဲ့ကြသည်။ 

ပလက်ဝမြိုနယ်လူမှုရေးအသင်း၏အသင်းဝင်အင်အားမှာ ၄၁၂ ဦးရှိကြောင်း၊ ရန်ကုန်မြို့ပေါ်တွင် ၁၅၀ ခန့်နှင့် ကျန်သောအသင်းဝင်သူများမှာ ပလက်ဝမြို့နယ်အတွင်းနှင့်
အခြားသောဒေသများတွင်နေထိုင်သူများ ဖြစ်ကြောင်း အတွင်းရေးမှူးဦးစိုးသိမ်းမှ ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ အသင်းတိုက်အောက်ထပ်ငှားရမ်းမှုအပေါ် ဆွေးနွေးရာ လက်ရှိအောက်ထပ်ငှားရမ်း သူများအား စာချုပ်သက်တမ်းပြည့်ပါက တစ်လချင်းစီသာ စာချုပ်ဖြင့်ငှားရမ်းရန် အားလုံးသဘောတူ အတည် ပြုခဲ့ကြ၏။ လိပ်စာပြုစုခြင်းကိုတာဝန်ယူသော ဦဗန်တလင်း ယခုအစည်းအဝေးတွင် မတက်ရောက်နိုင်သော ကြောင့် အတွင်းရေးမှူးဦးစိုးသိမ်းက အခြေအနေကိုတင်ပြပြီးနောက် ပြုစုရာတွင် မှန်ကန်ပြည့်စုံနိုင်ရေး အားလုံး က၀ိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံခဲ့သည်။

တစ်ဆက်တည်းမှာပင် ခူမီးလူကြီးများ၏အတ္ထုပတ္တိပြုစုရေးတာဝန်ခံ ဦးကယိုက်အား တွဲဖက်ကူညီ ပေးရန် အမှုဆောင် အိုက်ပီတာလွယ်လူးကိုအကူအညီတောင်း တာဝန်ပေးအပ်လိုပါကြောင်း အတွင်းရေးမှူး ဦးစိုးသိမ်းကတင်ပြရာ အားလုံးသဘောတူရွေးချယ်ခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် အတ္ထုပတ္တိပြုစုအပ်သည့် ခူမီးလူကြီးများ အမည်များကိုလည်း ရုံးစာပုံစံထုတ်ပေးမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။

ခူမီးလူမျိုးထဲမှ ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ပညာရည်ချွန်ဆုပေးခြင်းကိစ္စကို ဆွေးနွေးရာတွင် စာမေးပွဲအောင်မြင်သူအားလုံးအား ဆုပေးခြင်းနှင့် အထူးချွန်ဆုံး ကျောင်းသား/သူများ ၃ ဦးကို သီးသန့်ထူးချွန်ဆုပေးခြင်းကိစ္စအပေါ် ဥက္ကဌ ဗိုလ်ကြီးဆလိုင်းကျော်ဇင်ကလည်းကောင်း၊ နာယက ဦးအောင်ကျော့ကလည်းကောင်း၊ အတွင်းရေးမှူးဦးစိုးသိမ်းကလည်းကောင်း မိမိတို့၏အမြင်နှင့်တကွ အကျယ် တ၀င့် ဆွေးနွေးတင်ပြခဲ့သည်။

လက်တလောလူအများပိုမိုစိတ်ဝင်စားလျက်ရှိသော ခူမီးစာပေသင်ရိုးညွန်းတမ်းပြုစုရေးကိစ္စ ဆွေးနွေးရာတွင် ပထမဦးစွာ ရန်ကုန်ခူမီးစာပေကော်မတီ၏ တွဲဘက်အတွင်းရေးမှူး ဆရာ ဦးဝှေ့ဘဲက လက်ရှိ အခြေအနေကိုဆွေးနွေးတင်ပြခြင်းနှင့် အိုက်ပီတာလွယ်လူးက မိမိရရှိသောသတင်းအချက်အလက်များဖြင့် ဖြည့်စွက်တင်ပြခြင်း အပေါ် ဆွေးနွေးခဲ့ရာခူမီးစာပေသင်ရိုးညွန်းတမ်းပြုစုရေးကို ပလက်ဝမြို့ပေါ်ရှိ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်၊ ရန်ကုန်အဖွဲ့မှ ပလက်ဝအဖွဲ့သို့ လိုအပ်သောသတင်းများကို ပေးပို့ခြင်းများဖြင့် ဆောင်ရွက်ကူညီရန် ဆုံးဖြတ်ခဲ့သည်။ 

ပလက်ဝဒေသခံလူငယ်များအတွက် ပလက်ဝမြို့ပေါ်တွင် အမြင်ဖွင့်သင်တန်းတစ်ရပ်ပြုလုပ်မည့်အရေး ဆွေးနွေးရာ အကောင်းဆုံးပုံစံအတိုင်းပြုလုပ်နိုင်ရန်၊ မိမိတို့ပြုလုပ်လိုသော ပါဝင်ရမည့် သင်ခန်းစာဘာသာရပ် နှင့် သင်တန်း အစီအစဉ်(နေ့ရက်၊ အချိန်၊ လူဦးရေ)ကိုရေးဆွဲကာ သက်ဆိုင်ရာသို့အချိန်မီအကြောင်းကြား တင်ပြရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အသင်းတိုက်ဆောက်လုပ်ပြီးစီးပါက ပလက်ဝနှင့်ခူမီးလူမျိုးများအတွက်ရပ်တည်သော ကေအမ်ဂျီကို အသင်းတိုက်တွင် အခန်းတစ်ခန်းငှားရမ်းခွင့်ပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခဲ့ သည်။ တစ်ဆက်တည်းမှာပင် လက်ရှိအသင်းတိုက်ဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေးအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးမှုအခြေအနေအရပ်ရပ်ကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။

အထွေထွေဆွေးနွေးချက်များကဏ္ဍတွင် အိုက်ပီတာလွယ်လူး၏တင်ပြသည့် ပလက်ဝမှပေးပို့သော သတင်းအရ ပလက်ဝတွင် စီးပွားရေးဇုန်ဖွင့်လှစ်မည့်ကိစ္စများနှင့် ရန်ပုံငွေရရှိမည့်နည်းလမ်းများကို ထည့်သွင်း ဆွေးနွေးခဲ့သည်။

ခူမီးနိုင်ငံရေးပါတီဖွဲ့စည်းရန် အမြင်နှင့်ပတ်သက်သည့် တင်ပြချက်အပေါ် ဆွေးနွေးရာတွင် အတွင်းရေး မှူးဦးစိုးသိမ်းက ၄င်းသည် သက်ဆိုင်သည့် နိုင်ငံရေးဆောင်ရွက်သူများနှင့်သာ ဆွေးနွေးသင့်ကြောင်း၊ မိမိ၏ ပုဂိုလ်ရေးသဘောအရဖော်ပြရသော် နိုင်ငံရေးအမြင်ရှိလူကြီးအချို့၏သဘောထားအရ စောလွန်းသေးကြောင်း၊ မိမိတို့ခူမီးလူမျိုးစုများ အချင်းချင်း ပိုမိုရင်းနှီးခိုင်မာမှုကို ဦးစွာအလေးထားဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့် ပြင်ဆင်မှုများ ပြီးပြည့်စုံပါက ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း၊ အစည်းအဝေးတက်ရောက်သူအချို့ကလည်း နိုင်ငံရေးဆိုင်ရာကို နိုင်ငံရေးသမားများနှင့်သာ သီးခြားဆွေးနွေးသင့်ကြောင်း အကြံပြုကြပါသည်။

နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်ဆိုသော်လည်း လူမှုရေးအစည်းအဝေးတွင် မြို့နယ်အရေး၊ ခူမီးမျိုးနွယ်စုအရေးနှင့် လူမှုရေးဆိုင်ရာများကိုသာ ဆွေးနွေးပေးစေလိုကြောင်း၊ လူမှုရေးအသင်းအနေဖြင့် နိုင်ငံရေးကိစများကို ဆွေးနွေးရန် စုဝေးရာနေရာမဟုတ်သဖြင့် ပါတီနိုင်ငံရေးကို သိနားလည်သူအချို့၏ ဦးဆောင်မှုဖြင့် သီးခြားနေရာတွင်၊ သီးခြားဆွေးနွေးပါက မိမိတို့တစ်ဦးချင်း လွတ်လပ်စွာအမြင်ဖလှယ် ဆွေးနွေး မည်ဖြစ်ပါကြောင်း၊ မိမိအားလည်း ပုဂ္ဂိုလ်ရေးခေါ်ဖိတ်ပါက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရန်အဆင်သင့်ရှိပါကြောင်း သို့သော် လူမှုရေးစည်းဝေးတွင် နိုင်ငံရေးဆွေးနွေးခြင်းမျိုးကို ရှောင်သင့်ကြောင်း နာယကဦးအောင်ကျော့နှင့် ဥက္ကဋ္ဌ ဆလိုင်းကျော်ဇင်တို့က အသီးသီး အကြံပြုတင်ပြပါသည်။

ထပ်လောင်း၍ဖြည့်စွက်ဆွေးနွေးရာတွင် အွေ့ဟွေ့လူးမှလည်း ခူမီးအမျိုးသားများအိမ်ထောင်ဘက် ရွေးချယ်ရာတွင် မိမိတို့ခူမီးအမျိုးသမီးများကို ဦးစားပေးရွေးချယ်သင့်ကြောင်း၊ ခူမီးမိဘများကလည်း ရှေးရိုးရာ ဓလေ့များကို ခေတ်နဲ့အညီပြုပြင် ထိန်းသိမ်းသင့်ကြောင်း၊ အတွင်းဖိုးတောင်းရာတွင် မိမိတို့ခူမီးလူမျိုးအချင်းချင်း ဖြစ်ပါက အဆမတန်တောင်းဆိုခြင်းများကိုပြုပြင်သင့်ကြောင်း စသဖြင့်ပါဝင်ဆွေးနွေးခဲ့သည်။

ပလက်ဝမြို့နယ်လူမှုရေးအသင်းသည် ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အမှုဆောင် ၁၀ ဦးဖြင့် နိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြု ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်သည်။
Share this article :

+ မှတ်ချက် + 3 မှတ်ချက်

Anonymous
3 September 2012 at 23:54

ae, Anglo Awi Hoilu i thui nai leusai ly khri teng prai nai ne. Vaini neng ly, ang cha nai neng ne y bo. Thodeaung, anglo chi py amy khumi tengtawi yhm theung sa u tla. A vo nabyly amy chi khumi nemchy kamkawm py sa u tla bo. ( Khumi Wormen) kamkawm awm sa khypkhyp u jau ba. Neng ly by y bo.

Anonymous
4 September 2012 at 00:10

aw, khumi anhm, angpo chi aw, amy khumi pri kavui kalop nai nang chi miteung bawibawi py ( email ) sa u khyly hawi prai nai ne. Vainih neng ly ( teliphone ) hawi leu arum nai neng ne y bo. ( Email ) hawi amy i pri khu kavui manai atho sa ai moh? nanai chi py leangleang ri ( kavui ai ) nengneng atho sa u ngai bo. email by y baly manai kamta amy khumi pri hawi ai nai kavui kalop sa thai ai moh? Pahen prai nai my email so u khy ba. Nei, ngaai chi aw tameuh amy hawi kan nen takeng nai ne.

Anonymous
4 September 2012 at 00:21

Hinih KMG kamkawm sa nai khri hawi prai nai ne. Hinih kamkawm theung ai kung nai menber ly leang 10000 ri awm bo nanai satang thai nai tla. To iy py KMG cha sa nai chi ra py ne sy, leangleang ri cha pa nai chy py ne sy, ( Comment ) tajyh nai mi ly leaung py niu vai y nai tla. Achi khumi pri hawi ai kavui atho sa nai ly hinai kamta atho sa jo ra ly khumi pri hawi pajau na ti a? adawn u khyh, leaung i cha tajyh nai khen jo, phain jo, nai ra ly khumi pri hawi pajau ai nai kai ly athang khai pi y. Hunai y leu py katheu u, cha py neaungneaung tajyh u khyh ba, pahen prai nai my KMG menber bawibawi chi te tameuh amyn hawi ka nie nai ne. Thui tamang nai byly pahen u khy.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger