ပလက်ဝ၊
စက်တင်ဘာ ၂၇---- ချင်းတိုးတက်ရေးပါတီ၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့ကြား ခရီးသည်တင် စက်လှေလိုင်းပြေးဆွဲခြင်းကို ပလက်ဝ၊ စည်ပင်သာယာရေးအဖွဲ့မှ
ပိတ်ပင်ရပ်နားခိုင်းသည်ဟု သတင်းရရှိသည်။
ဒီကိစ္စအကြောင်းကို
ခူမီးမီဒီယာမှ ဒေသခံတစ်ဦးအားမေးမြန်း ကြည့်သည်မှာ “အော်..ဒါက ပါတီအနေဖြင့် သွားလာတာကို
ပလက်ဝမြို့ စည်ပင်သာယာရေးကနေ တားမြစ်တာတဲ့။ ပါတီတစ်ခုအနေနဲ့ ဒီလိုမလုပ်ရဘူးဆိုတဲ့
ဥပဒေပြဋ္ဌါန်းထားတာများ ရှိလို့လားမသိဘူး” ဟုပြောသွားသည်။
ယင်ခင်က
အဆင်း(၃)စီး၊ အတက်(၂) စီး နေ့စဉ်သွားလာနေရာမှ ယခုအခါ ချင်းပါတီမှ လွဲ၍
ရခိုင်တိုးတက်ရေး၊ ဂစ္စပနဒီရေကြောင်း ပို့ဆောင်းရေးလိုင်း ၊ စည်ပင်လိုင်း
(ကျောက်တော်၊ အေးထွန်းလိုင်း) စသောလိုင်းများမှ တစ်ရက်လျှင် အတက် (၂)စီး၊
အဆင်း(၂)စီးပြေးဆွဲ သွားလာနေကြောင်း ခူမီးမီဒီယာမှ သတင်းရရှိသည်။
ယခုကဲ့သို့သွားလာနေခြင်းမှာ
ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးနှင့် ချင်းပြည်နယ် စည်ပင်သာယာရေးတို့ကြောင့်
ဖြစ်ကြောင်း၊ ရခိုင်တိုးတက်ရေးလိုင်းမှာ အစပိုင်းတွင် အရှုံးပေါ်၍ ရပ်နားတော့မည်အခြေအနေသို့ရောက်သွားခဲ့သော်လည်း
ကျောက်တော်မြို့မှ ဦးအေးထွန်းမှ ဆက်သွားခိုင်းခြင်းဖြစ်ကြောင်း၊ ယခုအခါ အေးထွန်းလိုင်းအဖြစ်
သွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လွန်ခဲ့သော
အချိန်များကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ယခင်က ပလက်ဝ-ကျောက်တော် လှိုင်းသည် အစိုးရပို့ဆောင်ဆက်သွယ်ရေးပိုင်
သင်္ဘောလိုင်းဖြစ်သည်။
၂၀၁၀-၂၀၁၂
ခုနှစ်တွင်မှု ပလက်ဝ-ပွီဝုန်းကို လေလံပေးဆွဲခြင်းမရှိခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်စီမံကိန်းနှစ်တွင်
ပလက်ဝ-ပွီဝုန်းအထိကို သိန်း(၈၀)ဖြင့် လေးလံစတင် ပေးထားလေသည်။



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။