ရန်ကုန်၊ အောက်တိုဘာ ၁----၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း
ခူမီးဓမ္မကျမ်းစာ
ကျောင်းသူ/သားများ မိတ်သဟာရ၏တတိယအကြိမ် ကီမိုအမြင်သစ်မဂ္ဂဇင်းကို ထုတ်ဝေမည် ဖြစ်သော်လည်း
စာမူပေးပို့သူ အလွန်နည်းပါးကြောင်း သတင်းရရှိသည်။
ခဓကမ၏ အမှုဆောင်ဥက္ကဌဟောင်း Rev. Toe Myaing ၏ပြောပြချက်အရဆိုလျှင်
ယခုနှစ်တွင် ခဓကမ၏ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အထူးထုတ်ကီမိုအမြင်သစ် မဂ္ဂဇင်းကို
ထုတ်ဝေမည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်ဝေနိုင်ရေးအဘက်ဘက်မှ ကူညီပံ့ပို့သင့်ကြောင်း စသည်ဖြင့်
ပြောပြသည်။
“ယခုနှစ်ဆိုရင် ခဓကမရဲ့ ဆယ်နှစ်ပြည့်ပါ။ မဂ္ဂဇင်းကိုလည်း
အထူးထုတ်အနေနဲ့ထုတ်ချင်တယ်” ဟု ဖုန်းဖြင့်ကေအမ်ဂျီသို့ပြောသည်။
လွန်ခဲ့သောအပတ်အတွင်း အတွင်းရေးမှူး ကျော်ရှိုန်းမှ စာမူပေးပို့သူ
အလွန်နည်းကြောင်း၊ အစက စာမူပိတ်ရက် စက်တင်ဘာ ၁၅ ဟုသတ်မှတ်ထားသော်လည်း စာမူလုံလောက်မှုမရှိသေးသောကြောင့်
အောက်တိုဘာ ၁၀ရက်သို့ပိတ်ရက်အဖြင့် ပြန်လည်သတ်မှတ်ခဲ့ရကြောင်း ပြောပြသွားခဲ့သည်။
ခဓကမ၏ ရန်ပုံငွေအတွက် အနီရောင် T.Shirt များထုတ်ကာ တစ်ထည်သုံးထောင်နှုန်းဖြင့်
ရောင်းချခဲ့လေသည်။
ခူမီးဓမ္မကျမ်းစာ ကျောင်းသူ/သားများ မိတ်သဟာရကို ၂၀၀၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး
ရန်ကုန်တွင် ဓမ္မပညာဆည်းပူးနေသူ ခူမီးလူမျိုးအား အခြေခံဖွဲ့စည်းထားခြင်းဖြစ်လေသည်။
ကီမိုအမြင်သစ်မဂ္ဂဇင်းကို
၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင်ပထမအကြိမ်၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဒုတိယအကြိမ် နှင့် ယခုနှစ်တွင်
ဆယ်နှစ်ပြည့် အထူးထုတ်အဖြစ် တတိယအကြိမ်ထုတ်ဝေသွားရန်ဖြစ်သည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။