ခူမီးယဉ်ကျေးမှုပြတိုက်အဆောက်အဦးပြီးစီးရန် ငွေအင်အားလိုနေသေး

Friday, October 12, 20120 မှတ်ချက်



ရန်ကုန်၊ အောက်တိုဘာ ၁၃-- ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်တွင် လွန်ခဲ့သော ၃/၄နှစ်ခန့်က ငွေကြေးအခက်အခဲကြောင့် တစ်ပိုင်းတစ်စ နှင့် ရပ်ဆိုင်းထားသော ခူမီးယဉ်ကျေးမှုပြတိုက်ကို အဆောက်အဦးဖြစ်ရေးကော်မတီသစ်မှဦးဆောင်ကာ ယခုနှစ်သြဂုတ်လတွင် စတင်ပြန်လည်ဆောက်လုပ် လျက်ရှိရာ အဆောက်အဦး၏အစိပ်အပိုင်းတော်တော်များ ပြီးစီးနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသော အစိပ်အပိုင်းများအတွက် လက်စသတ်နိုင်ရန် ငွေးကြေးလိုအပ်နေသေးသည်။

အဆိုပါအဆောက်အအုံ၏ လက်ရှိပြီးစီးမှုအခြေအနေမှာ အလျား ၃၆ ပေ၊ အနံ ၃၀ ပေ ရှိပြီး၊ မြေညီထပ် အမြင့် ၇ ပေ၊ 1st floor Rc ဆလပ်၊ 2nd floor ပျဉ်ခင်းနှင့် ၀ါရံဒါ ၉ ပေ × ၁၂ ပေ ပျဉ်ခင်း၊ အိမ်ခေါင်မိုး အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် (၃) ဘက်တွင် ခဘောင်း အမြင့်ပေ ၂.၅ ပေ၊ အဖြစ်လည်းကောင်း၊ နံရံအုတ်ကာဖြင့် အနောက်ဘက် ၄ ပေ× ၄.၅ ပေ ပြူတင်းပေါက် (၄) ပေါက်နှင့် တံခါးမ ၄ ပေ×ရ ပေ တစ်ပေါက်၊ ၃.၅×၇ ပေ
၁ ပေါက်၊ မြောက်ဘက်တွင် ပြူတင်းပေါက် ၄.၅ ပေ× ၄ ပေ (၆) ပေါက်၊ တောင်ဘက်တွင် ပြူတင်းပေါက် ၄.၅ ပေ× ၄ ပေ ရှိ ပြူတင်းပေါက် (၆) ပေါက်၊ တောင်ဘက်တွင် ပြူတင်းပေါက် ၄.၅ ပေ×၄ ပေ ရှိ၊ ပြူတင်း (၃) ပေါက် စီမံထားပါသည်။ အုတ်ကာလုပ်ငန်း ၂- ဆင့် ကာရံပြီးစီးပြီးဖြစ်သည်။

2nd floor တွင် အုတ်ကာရန်နှင့် အချောကိုင်ရန် ကျန်ရှိပါသည်။ ခေါင်းမိုးလုပ်ငန်း မကြာမီ ဆောက်လုပ်သွားမည်ဖြစ်သည်။ ခပေါင်း ၂.၅ ပေ အမြင့် ကာရံအချော ကိုင်ရန်နှင့် မြေညီထပ်တွင် ကွန်ဂရစ်ခင်းခြင်းနှင့် 2nd floor တွင် ပျဉ်ခင်းရန် ကျန်ပါသေးသည်။ မီလာကန်ပြီးစီးပြီးဖြစ်သော်လည်း ရေချိုးခန်း၊ အိမ်သာခန်း လုပ်ငန်း ကျန်ပါသေးသည်။

“ဒီနှစ်ခူမီးနှစ်သစ်ကူးအမီပြီးစီးအောင်ဆောက်ချင်တာပါ။ အဆောက်အဦးဖွင့်ပွဲနှင့် နှစ်သစ်ကူးကိုတစ်ခါတည်း ကျင်းပချင်တာပါ။ ဒါပေမဲ့ငွေကြေးအခြေအနေဘယ်လိုရှိလဲတော့ မသိသေးဘူး” ဟု နိုဝင်ဘာလ ၃၁ရက်နေ့ညကို ခူမီးနှစ်သစ်ကူးညအဖြစ်နှစ်စဉ် ကျင်းပလေ့ရှိသော အဆိုပါပွဲနှင့်တစ်ပါတည်း ဖွင့်ပွဲကျင်းပပြုလုပ်ချင်ကြောင်းကို ကော်မတီဝင်တစ်ဦးမှ ခူမီးမီဒီယာသို့ပြောသည်။

ယခုအထိရငွေ သိန်း (၃၃၇၄၉၁၉၀း၀၀) ကျပ်ရရှိပြီး၊ ၄င်းအနက် သိန်း(၂၇၈၃၅၀၈၄း၀၀) ကျပ် အကုန်အကျခံပြီး ဖြစ်သည်။ ကျန်လုပ်ငန်းအတွက် ကျပ်သိန်း(၁၂၀)ခန့် လိုအပ်နေသေးသည်။ ယနေ့လက်ကျန် (၄၄)သိန်း သာကျန်တော့သည်ဖြစ်၍ နောက်ထပ်သိန်း(၈၀) လိုအပ်နေလျက်ရှိသောကြောင့်ကြောင့် ပြည်တွင်းပြည်ပရှိ မျိုးချစ် ခူမီးလူကြီး လူငယ်မောင်မယ်များ မိမိတတ်အားသရွေ့ ပါဝင်လူဒါန်းကြပါရန် မေတ္တာ ရပ်ခံပါကြောင်း အဆောက်အဦးဖြစ်မြောက်ရေးကော်မတီဥက္ကဌမှ ပြောကြားသည်။

         (ထောင်ဝှေ့)
             ဥက္ကဌ
ဆောက်လုပ်ရေးဆပ်ကော်မတီ

           သတင်းပို့သူ- ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger