ပြည်ခိုင်အားကာဖလားတွင် ရိက္ခာအသင်း ဗိုလ်လုပွဲတက်ခွင့်ရ

Sunday, October 14, 20120 မှတ်ချက်



ပလက်ဝ၊အောက်တိုဘာ ၁၅---ချင်းပြည်နယ်၊ပလက်ဝမြို့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အားကာဦးစီးတို့ စီမှူးကျင်းပပြုလုပ်သော မြို့တွင်းဘောလုံးပွဲ (ပြည်ခိုင်အားကာဖလား)တွင် အသင်း(၅)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိက္ခာရပ်ကွက် ဘောလုံးအသင်းလည်း ဘောလုပွဲအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြို့မ(က)အသင်းနှင့် ရိက္ခာအသင်းတို့ မိနစ်(၉၀) အထိအကျေအလည် ကစားခဲ့သော်လည်း
 နှစ်ဘက်စလုံး ဂိုးရရှိနိုင်မှုမရှိသောကြောင့် အချိန်ပို (၁၀)မိနစ်ထပ်ကစားခဲ့ရသည်။ သို့သော် နှစ်ဘက်အသင်း၏ ကျွမ်းကျင်ပါးနပ်သော ကစားကွက်များကြောင့် အချိန်ပိုတွင်လည်း ဂိုးမရနိုင်ခဲ့ပေ။

ထို့ကြောင့် ပက်နယ်တီ အဆုံးအဖြတ်ဖြင့် ကန်သွင်းခိုင်းရာ ရိက္ခာဘောလုံးအသင်းက မြို့မ(က) အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  ထို့ကြောင့် ယခုအခါ ရိက္ခာအသင်းနေ ဖြင့် ဗိုလ်လုပွဲကို စောင့်ဆိုင်းနေလျက်ရှိသည်။ 

တေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger