ခ.စ.ယ၏အကူညီဖြင့် Dr. Salai Lian H. Sakhong ရန်ကုန်ရှိ ချင်းလူထုနှင့်တွေ့ဆုံ

Sunday, October 14, 20120 မှတ်ချက်



ရန်ကုန်၊အောက်တိုဘာ ၁၅---၂၀၁၂ ခုနှစ်၊အောက်တိုဘာလ (၁၃) ရက်နေ့တွင် ရန်ကုန်၊ လမ်းမတော်မြို့နယ် ၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ပထမထပ်ခန်းမဆောင်တွင် ချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ မှ စီစဉ်ကျင်းပသော Dr. Salai Lian H. Sakhong ၏ Chin History, Culture and Identity ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တရပ်အား ကျင်းပခဲ့သည်။

အခမ်းအနားမှူး Mai Democracy Van Nei Kim မှ အစီအစဉ်စတင်ကြောင်း ကြေငြာပေးပြီးနောက်တွင် ခ.စ.ယ ဥက္ကဌနှင့် သမိုင်းဌာနမှ ပါမေက္ခ ဒေါက်တာအေးအေးငွန်၊ Myanmar Institute of Theology (M.I.T) မှ Prof. Dr. Samuel Ngun Ling၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ချင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ အထွေထွေ အတွင်းရေးမှူးတဦးဖြစ်သော Salai Ngai Sak၊ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ချင်းအမျိုးသားပါတီ (CNP) မှ Salai Ceu Bik Thawng တို့မှ မိန့်ခွန်းတို (Short Speech) များအသီးသီးပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် Dr. Salai Lian H. Sakhong မှ မိမိတက္ကသိုလ်ကျောင်းသားဘ၀တုန်းက ရေးသားခဲ့သော ကဗျာများကို အမှတ်တရဖတ်ကြားခြင်းနှင့် ဖြတ်သန်းခဲ့သော ဘ၀တစ်ကွေ့အကြောင်းကို အသေးစိပ်ပြန်လည်ပြောပြခဲ့သည်။

၎င်းနောက်တွင် Dr. Salai Lian H. Sakhong မှ Chin History, Culture and Identity ဟူသော ခေါင်းစဉ်ဖြင့် (၁) နာရီကြာခန့် ဟောပြောခဲ့သည်။  ပရိတ်သတ်များ၏မေးခွန်းများ မေးမြန်းခြင်းအပေါ်တွင်လည်း ရှင်းလင်းဖြေကြားပေးခဲ့သည်။ မိမိအမြင်ဖြင့် ချင်း ၅၃မျိုးမဟုတ်ပဲ တစ်မျိုးသာရှိကြောင်းပြောကြားခဲ့သည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် Peace Research Institute Oslo (PRIO) နှင့် Myan Egress တို့မှ ပူးပေါင်းကျင်းပမည့် “Can Political Reforms Bring Genuine Peace to Myanmar?” ဟူသော နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန်နှင့် အခြား နှီးနှောဖလှယ်ပွဲများကိုလည်း ကျင်းပပြုလုပ် သွားရန် ရှိသလို၊ ချင်းပြည်နယ်သို့လည်း သွားရောက် မည်ဟုသိရသည်။ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံတွင် (၁) လ ခန့် နေထိုင် သွား မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ ပရိတ်သတ် ၂၀၀ ၀န်းကျင်တက်ရောက်ခဲ့ပြီး ညနှေ ၆း၀၀ နာရီတွင်ပြီးဆုံး ခဲ့ကြောင်း သိရသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger