ခရိုင်ပညာရေးမှူး ဦးဇာနီ မတူပီသို့ ယနေ့ပြန်လည်ထွက်ခွါ

Tuesday, October 23, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၂၄--- ချင်းပြည်နယ်၊ မတူပီမြို့မှ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ အ.ထ.က ကျောင်းအား စစ်ဆေးရန် ပလက်ဝမြို့သို့ အောက်တိုဘာ ၁၅ရက်နေ့တွင် ရောက်ရှိလာသော  ခရိုင်ပညာရေးမှူး ဦးဇာနီသည် ယနေ့မနက် တာဝန်ကျသော မတူပီမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်ကြောင်း သိရှိရသည်။

ဆရာကြီးဇာနီသည် ခရိုင်လက်ထောက်ပညာရေးမှူးတာဝန်မှ ခရိုင်ပညာပေးမှူးအနေဖြင့် လွန်ခဲ့သော ၂-၃လလောက်က တာဝန်ယူထမ်းဆောင်သူဖြစ်ပြီး  ယခုခရီးစဉ်သည် ခရိုင်မှူးတာဝန်အဖြစ် ပလက်ဝမြို့နယ်သို့ ပထမဆုံးလာရောက်စစ်ဆေးခြင်းဖြစ်သည်။


ဆရာကြီးအား ၂၃-၁၀-၂၀၁၂ နေ့တွင် ပလက်ဝမြို့နယ် ပညာရေးမှူးရုံးမှ ညစာဖြင့် တည်ခင်းဧည့်ခံကြောင်းသိရှိရသည်။

ပလက်ဝမြို့နယ် ၊ ဆမီးမြို့နယ်ခွဲကို ၂၀၁၂ခုနှစ်၊ ဇူလိုင်၃၁ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်မှ မြို့နယ်ခွဲအဖြစ် တရားဝင်ထုတ်ပြန်သတ်မှတ်လိုက်ပြီးဖြစ်သောကြောင့် သက်ဆိုင်ရာဌါနဆိုင်ရာ ၀န်ထမ်းများ တာဝန်ထမ်းဆောင်ရန်၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့နောက်ဆုံးထား ပြောင်းရွေ့ရမည်ဖြစ်သည်။

ယခုနှစ်ပလက်ဝမြို့နယ်၏ ဆယ်တန်းအောင်ချက် ၄% ခန့်သာရှိပြီး အ.ထ.က၊ဆမီးမှ စုစုပေါင်း ၃ဦးသာ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ခဲ့သည်။

ခရိုင်ပညာရေးမှူး ဦးဇာနီသည် ပလက်ဝဇာတိဖြစ်သောကြောင့် ယခုခရီးစဉ်တွင် မိမိ၏မိသားစုများနှင့်တွေ့ဆုံခြင်း ကျေးဇူးတော်ချီးမွမ်းဝတ်ပြုအစည်းအဝေးလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger