ရန်ကုန်၊
အောက်တိုဘာ ၂၄---ပလက်ဝမြို့နယ်လူမှုရေးအသင်း၏ ဒု-ဥက္ကဌ ဦးကယိုက်၏သမီးထွေး
အွေ့ကိုးလုံး (၀ါ) ရုသ သည်အင်းစိန် KBC ဆေရုံတွင် လည်ပင်းနှင့်
ဗိုက်အကျိတ်ခွဲစိပ်ကုသမှုခံယူရန် တက်ရောက်နေသည်။
အွေ့ကိုးလုံး(ရုသ)သည်
လွန်ခဲ့သော ၂ နှစ်လောက်ကစတင်ကာ အန္ဒိယနိုင်ငံ၊ မဏိပူတွင် ဓမ္မကျမ်းစာဘွဲ့လွန်
တက်ရောက်နေခဲ့ပြီး လွန်ခဲ့သော ၂-၃လလောက်က နေမကောင်းဖြစ်ခဲ့ရာမှ နီးစပ်ရာဆေးရုံတွင်
ပြသခဲ့သည်ဟုသိရသည်။ ထိုသို့ပြသပြီး နိုင်ငံသားမဟုတ်သော အွေ့ကိုးလုံးအားခွဲစိပ်ကုသရန်
၎င်းဆေးရုံက လက်မခံခဲ့ပေ။ ထို့ကြောင့် ပညာရေးတစ်ဝက်တစ်ပြတ်ဖြင့် မြန်မာနိုင်ငံသို့
ပြန်လာခဲ့ရပြီး ရန်ကုန်၊ မှော်ဘီတွင်ရှိသောနေအိမ်မှ ဆေးခန်ူပြသခဲ့သည်။
“ပြီးခဲ့တဲ့
ငါးရက်လောက်ကမှ အိမ်ကိုရောက်လာတာပါ။ လည်းပင်းနှင့် ဗိုက်မှာ အကျိတ်ပေါ်နေလို့ ဆေးခန်းပြတော့
ဆေးရုံက ခွဲစိပ်ဖို့ ဆေးရုံတက်ခိုင်းတယ်။ ဒါကြောင့် မနေ့တနေ့ကမှ KBC
မှာသွားအိပ်တယ်။ မကြာခင် ၁ရက်၂ရက်အတွင်း ခွဲစိပ်မယ်လို့ထင်တယ်။ အရင်ဆုံး
လည်ပင်းကအကျိတ်ကိုခွဲမယ်။ ဗိုက်ကအကြိတ်ကိုတော့ ခွဲဖို့လိုမလိုမသိရသေးပါဘူး”
ဟုအစ်ကိုဖြစ်သူ Steven Great (မောင်ဆိုင်း) မှ ခူမီးမီဒီယာသို့ပြောပြသည်။
အွေ့ကိုးလုံးသည်
မွေးချင်း ငါးယောက်အနက် အထွေးဆုံးဖြစ်သည်။ ခွဲစိပ်စရိတ်အတွက် တစ်ကြိမ်ကို
သုံးသိန်းမှ ငါးသိန်းကြားကုန်ကျမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။