ခရိုင်ပညာရေးမှူး ဦးဇာနီ အပြန်လမ်းပိတ်ဆို့မှုကြောင့် ပလက်ဝတွင်သောင်တင်နေ

Wednesday, October 24, 20120 မှတ်ချက်



ပလက်ဝ၊အောက်တိုဘာ ၂၅--- ချင်းပြည်နယ်၊ မတူပီမြို့မှ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ အ.ထ.က ကျောင်းအား စစ်ဆေးရန် ပလက်ဝမြို့သို့ အောက်တိုဘာ ၁၅ရက်နေ့တွင် ရောက်ရှိလာသော  ခရိုင်ပညာရေးမှူး ဦးဇာနီသည် အောက်တိုဘာ ၂၄ရက်နေ့မနက်က တာဝန်ကျသော မတူပီမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်သော်လည်း ရန်ကုန်ကားလမ်းရပ်တန့်မှုကြောင့် ပလက်ဝရှိမိမိနေအိမ်တွင် ပြန်အနားယူလျက် ရှိသည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊စစ်တွေ၊မင်းပြားနှင့် မြောက်ဦးမြို့အနှံ့အပြားတွင် အရေးအခင်းဖြစ်ပွားနေသောကြောင့် ရန်ကုန်-စစ်တွေအဝေးပြေးကားများအပြင် တခြားလိုင်းကားများကိုလည်း ရပ်ဆိုင်းထားသည်ဟု ကျောက်တော်တွင် နေထိုင်သော ဒေသခံတစ်ဦးမှပြောသည်။


ယမန်နေ့က စစ်တွေ တက္ကသိုလ်ကျောင်းသားများဆန္ဒပြနေကြလျှက်ရှိပြီး အခြေအနေကို ပလက်ဝသို့မကူးစက်အောင် နားထောင်နေရလျှက်ရှိကြောင်း ပလက်ဝမြို့ပေါ်တွင် လူငယ်များကို ဦးဆောင်လျှက် လူမှုရေးလှုပ်ရှားသူ တစ်ဦးမှပြောသည်။

၎င်းက “ဒီနေ့ကျောက်တော်-ပလက်ဝ ယာဉ်နှစ်စီးမှာ တစ်စီးတည်းပဲ ထွက်တယ်လို့ကြားသိရပါတယ်။ စစ်တွေမှာ တက္ကသိုလ်တက်နေကြတဲ့ လူမီးလူငယ်တွေကိုလည်း ဆူပူမှုထဲ မပါအောင် အမြဲနားစွင့်ပြီး သတိပေးနေပါတယ်” ဟု ခူမီးမီဒီယာသို့ပြောသည်။

ယခုပြသနာ၏အစမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာတွင် အောက်တိုဘာ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် မီးရှို့မှုတစ်ခုဖြစ်ပေါ်ခဲ့ရာမှ စတင်ခဲ့ကြောင်း သိရှိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger