ပလက်ဝ၊
အောက်တိုဘာ ၃----ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အရက်မူးလွန်သော လ၀က ၀န်ထမ်းတစ်ဦး မိသားစုများနှင့်
ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၄င်း၏မိသားစုဝင်များမှ နယ်မြေလုံခြုံရေး
ရဲအဖွဲ့သို့ သတင်းပို့တိုင်ကြား၍ အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း
သတင်းရရှိသည်။
၂-၁၀-၂၀၁၂
နေ့ တွင် လ၀က ၀န်ထမ်း ဦး ကျော်မင်းထွန်းသည်
အရက်အလွန်အကျွံ သောက်ထားသောရေချိန်ကြောင့် မိသားစုအပေါ် အမူးရမ်း ရမ်းကားနေရာမှ
သည်းမခံနိုင်သော မိသားစုဝင်များမှ နယ်မြေလုံခြုံရေး ရဲအဖွဲ့သို့တိုင်ကြားခဲ့လေသည်။
ထိုသို့တိုင်ကြားထားခြင်းအတွက်
တာဝန်ရှိ ရဲအရာရှိများမှ ဦးကျော်မင်းထွန်းအား စခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး
အချုပ်ခန်းတွင် ထိန်းသိမ်းထားခဲ့လေသည်။
တာဝန်ရှိရဲအဖွဲ့မှစခန်းသို့
ခေါ်ဆောင်မသွားမီတွင် လ.၀.က အကြီးအကဲမှူးအား ကြိုတင်အကြောင်းကြားထားကြောင်း၊
လ.၀.ကမှူး၏ ခွင့်ပြုချက်အရ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရှိရသည်။
၎င်းသည်
ယခင်ကလည်း အလားတူအဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး လင်မယား ကွာသည်အထိဖြစ်ခဲ့ဖူးသည်ဟု
သိရှိရသည်။


Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။