မလေးရှားတွင် ခူမီးအမျိုးသားတစ်ဦး အိပ်ယာတွင်သေဆုံး

Tuesday, October 30, 20121မှတ်ချက်



ကွာလမ်လာပူ၊ အောက်တိုဘာ ၃၁--- မလေးရှားတွင် လွန်ခဲ့သော ၈လကျော်က ရောက်ရှိကာ အလုပ်လုပ်လျက်ရှိသော ချင်းအမျိုးသားတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ ရိမ်ချောင်းကျေးရွာနေ ဦးအိုက်ထွန်းနှင့် ဒေါ်လှမေ၏ သား အသက် ၃၁ နှစ်အရွယ် အိုက်ဘူ (Ai Bu) သည်မလေးရှားနိုင်ငံ Sungai Buloh စက်ရုံတွင် အောက်တိုဘာ ၃၀ နေ့မနက်ပိုင်း ၃ နာရီအချိန်တွင် အိပ်ယာထဲအိပ်ရင်းသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ 

မနက်ပိုင်း ၇ နာရီကျော်တွင် အိုက်မိုးဇက်မှဖုန်းဆက်၍ သူ့လူ တစ်ယောက်သေဆုံးသွားကြောင်း အကြောင်းကြားပြီးနောက် တွင် Paletwa Khumi Community (Malaysia) ၏ ဥက္ကဌ ဦးဖေအုပ်နှင့် coordinator အိုက်လွင်လွင်တို့ ၂ ဦး Sungai Buloh စက်ရုံ သို့ နာရေးကိစ္စ ကူညီဆောင်ရွက်ရန် သွားရောက်ခဲ့ကြောင့် ကိုလွင်လွင်မှ ခူမီးမီဒီယာသို့အကြောင်းကြားသည်။ 

၎င်းက“မနက်ပိုင်းမှာ မိုးဇက်က အကြောင်းကြားတဲ့အတွက် ကျနော်မနက်ပိုင်း ၉ နာရီကျော်မှာ ပီကေစီဥက္ကဌ ကိုဖေအုပ်နဲ့ Sungai Buloh စက်ရုံကိုလိုက်သွားပြီး နယ်မြေခံရဲစခန်းမူးနဲ့တွေ့ပြီး စကားပြောကြတယ်” ဟုပြောသည်။

စခန်းမူးကလည်း တာဝန်အရလိုအပ်သောစစ်ဆေးမှုများပြုပြီးနောက် Hospital Sungai Buloh ဆေးရုံကိုပို့လိုက် ပြီး ဆေးရုံတွင် လိုအပ်သောကိစ္စအ၀၀ကို ကိုလွင်လွင်နှင့် ကိုဖေအုပ်တို့ကိုယ်တိုင်စီစဉ်ပေးခဲ့သည်။ မနက်ဖြန် မလေးစံတော် ချိန် နေ့လည် ၁၂နာရီတွင် Cheras သချိုင်္င်းတွင် မီးသဂြိုလ်မည်ဟုလည်း သိရှိရသည်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
31 October 2012 at 04:01

Aw, Khumi amjo amnau chi aw, Ni ly ( maro or Khumi ny y) Khumi teu ly, ati manai ai maro Khumi tajiu u nai moh? Achi Khumi pri ly ami chi ai pei u bi ngai u nai a? Cha tajiu nai ra alapa adawn kha tajiu khyly hawi u ai nai ne. Mo mang py ati saisai prei law byly Maro or Khumi nanai ly pipi tajiu u moh jau ba.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger