ခူမီးစီးပွားရှင်များကိုယ်စားလှယ် (၃)ဦး မလေးသို့လေ့လာရေးသွားမည်

Tuesday, October 30, 20120 မှတ်ချက်




ပလက်ဝ၊ အောက်တိုဘာ ၃၁--- ခူမီးစီးပွားရှင်များအသင်း မှ ကိုယ်စားလှယ် (၃) ဥိး ဒီဇင်ဘာလပထမပတ်အတွင်း မလေးရှားတွင် လေ့လာရေးခရီးသွားမည်

ပလက်ဝမြို့တွင်ဒေသခံခူမီးငွေကြေးအဆင်ပြေသူများစုပေါင်း၍ စီးပွါးရေးဇုံတစ်ခု ဖွင့်ရန်စီစဉ်သည်အတိုင်း စီးပွါးရေးဇုံတစ်ခုဖွင့်လှစ်နိုင်ရေးအတွက် အဆိုပါဒေသခံ ခူမီးစီးပွားရေးဇုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးကျော်လှအောင်(ကျီးလေ)၊ ဦးအောင်သန်း(ဆင်အိုးဝ) နှင့် ဦးရီနီဆန်း(ပေါင်းမို) တို့(၃) ဦးကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပြီး  မလေးရှားသို့ လေ့လာရေးခရီးစဉ်အတွက် လိုအပ်သော နိုင်ငံကူးပါ့စပို့(စ်) နှင့် အခြားကိစ္စများဆောင်ရွက်ရန် ရန်ကုန်သို့ အောင်တိုဘာ(၂၁)ရက်နေ့က စစ်တွေလေဆိပ်မှ လေယာဉ်ဖြင့်ထွက်ခွါသွားခဲ့သည်။


၎င်းတို့သည် ရန်ကုန်တွင်နေထိုင်စဉ်ကာလအတွင်း ၂၄ ရက်နေ့တွင် ခူမီးမီဒီယာတာဝန်ရှိသူနှင့်တွေ့ဆုံခြင်း၊ ဒေါက်တာလျန်မှုန်ဆာခေါင်နှင့် နေ့လည်စာအတူ သုံးဆောင်ခြင်း၊ ရန်ကုန်ရှိ ခူမီးလူကြီးများနှင့် တွေ့ဆုံခြင်းများကို အခါသင့်သလို ပြုလုပ်ခဲ့သည်ဟုလည်း သိရှိရသည်။

ယခုခရီးစဉ်ကို စစ်တွေသာသနာပိုင် အင်္ဂလီကန်အသင်းတော်မှ တတနိုင်သလောက် ကူညီပံ့ပိုးခြင်းဖြစ်ပြီး၊ မိမိတို့သည် မလေးတွင် ရှိ ပီနန်းတွင် တစ်ပတ်၊ ကာလန်တွင် တစ်ပတ် နှင့် စုစုပေါင်း ရက်၂၀ခန့်နေထိုင်မည်ဖြစ်ကြောင်း ဦးကျော်လှအောင်မှပြောသည်။

“နိုင်ငံကူလက်မှတ်ကတော့ နိုဝင်ဘာ၁၀ ရက် ၀န်းကျင်မှပဲ ရမှာမို့လို့ပြန်လာတာ” ဟု ပလက်ဝမြို့တွင်ပြန်လည်ရောက်ရှိလာသော ဦးရီနီဆန်းမှပြောသည်။

ခူမီးစီးပွားရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် ပလက်ဝ-ကျောက်တော် လှိုင်းစက်လှေကို ယခုနှစ်အစောပိုင်းက ပြေးဆွဲခဲ့သော်လည်း ယခုအခါ ပလက်ဝ-တောင်ပြိုလှိုင်းကိုသာ တစ်ရက်ခြားပေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

အိုက်တင်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger