ပလက်ဝ၊
အောက်တိုဘာ ၃၁---ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ် ပြည်လုံး
ချမ်းသာကြီးဘု၇ားရင်ပြင် ပေါ်တွင် အောက်တိုဘာ(၃၀)ရက်နေ့ ညတွင်ကျရောက်သော
သတင်းကျွတ်လပြည့်ကို ဆီမီးတစ်ထောင်မီးပူဇော်ပွဲဖြင့် ဆင်နွဲ့ကျင်းပကြကြောင်း
သတင်းရရှိသည်။
ဒေသခံ
ဗုဒ္ဓဘာသာဝင်များ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိပြီး
အမှတ် (၂၈၉) ခြေလျင်တပ်ရင်းမှ စစ်ဗျူဟာမှူး ဗိုယ်မှူးကြီး သက်လွင်ထွန်းနှင့် ဒု-ဗိုလ်မှူးကြီး၊တပ်ရင်းမှူးနှင့်
အဖွဲ့များလာရောက်ဖူးမျော်နေခဲ့ပြီး ချမ်းသာကြီး ဘုရားအတွက်အလှူငွေများ ထည့်ဝင်သွားခဲ့ကြောင်း
ဘုရား ဂေါပကလူကြီး ဦးသိန်းကျော်အောင်မှ ခူမီး မီဒီယာသို့ပြောပြသည်။
“တော်တော်ကိုစည်စည်ကားကားနဲ့
ကျင်းပခဲ့တာပါ” ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ
ပလက်ဝမြို့နယ်တွင် ခရစ်ယာန်ဘာသာကိုကိုးကွယ်သူများအပြင် နတ်ဘာသာ၊ ဟိန္ဒူဘာသာ၊
အစ္စလမ်ဘာသာ နှင့် ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူ
အများအပြားရှိသည့်အလျောက် ပလက်ဝနယနေရာ အနှံ့အပြားတွင် စေတီပုထိုးများကိုလည်း
တွေ့မြင်ရမည်ဖြစ်သည်။ ထင်ရှားသော စေတီတော်ကြီးများမှာ ဥဿလင်းစေတီတော်၊
ကုန်တော်စေတီတော်နှင့် ပြည်လုံး ချမ်းသာကြီးဘု၇ားဖြစ်သည်။
ပလက်ဝနယ်အတွင်း
ဘုန်းကြီးကျောင်း- ၄၀ကျောင်း၊ ထေရ၀ါဒ ဘုန်းကြီးကျောင်း - ၁၈ကျောင်း ၊
ခရစ်ယာန်ဘုရာကျောင်း -၃၂၂ကျောင်း နှင့် ဘလီ- ၁ ကျောင်း စသည်ဖြင့် ဘာသာရေး
အဆောင်အဦးများရှိသည်။
အိုက်တင်း
အိုက်တင်း



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။