ပလက်ဝ၊အောက်တိုဘာ
၁၇---ပလက်ဝမြို့နယ်ရှိ ပညာရေးဌါနနှင့် ကျောင်းများစစ်ဆေးရန် ၊ ခရိုင်ပညာရေးမှူး
ဦးဇာနီသည် မင်းတပ်မြို့မှ၁၅-၁၀-၂၀၁၂ နေ့တွင် မိမိ၏ဇာတိမြို့ ပလက်ဝသို့
ရောက်ရှိခဲ့သည်။
ဆရာကြီးသည်
မိမိ၏ မိသားစုနှင့် ပြန်လည်တွေ့ခွင့်ရရှိသောကြောင့်
၁၅-၁၀-၂၀၁၂ နေ့ ည (၇း၀၀)နာရီတွင် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး အိမ်တွင် ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ြ ပုပွဲကို လုပ်ခဲ့သည်။
၁၅-၁၀-၂၀၁၂ နေ့ ည (၇း၀၀)နာရီတွင် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး အိမ်တွင် ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ြ
“ကျေးဇူးတော်ကြောင့်
ကျန်းကျန်းမာမာနဲ့ ယနေ့အထိ တာဝန်တွေထမ်းဆောင်နိုင်တာပါ”
ဟုကျေးဇူးတော်ချီးမွမ်းပွဲတွင်ပြောသည်။
ဝတ်ပြုကိုးကွယ်ခြင်းအပြီးတွင်
တက်ရောက်သူများအား ကြာဇံဟင်းခါးဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့သည်။
ဆရာကြီးသည် ၁၇-၁၀-၂၀၁၂ နေ့တွင် အ.ထ.က၊ဆမီး ကျောင်းကို စစ်ဆေးရန် သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်ပလက်ဝမြို့နယ်၏
ဆယ်တန်းအောင်ချက် ၄% ခန့်သာရှိသောကြောင့် ခူမီးမီဒီယာ၏မေးမြန်းချက်အား ပလက်ဝနယ် တာဝန်ရှိ
ပညာရေးဝန်ထမ်းတစ်ဦးမှပြောပြသည်မှာ တာဝန်အရ တာဝန်ယူသင်ကြားပေးနေခြင်းမဟုတ်၊ စေတနာရှိသော
ပညာရေးဝန်ထမ်းများများလိုအပ်ကြောင်း ခူမီးမီဒီယာသို့ လွန်ခဲ့သောလက ပြောခဲ့သည်။
“စေတနာရှိတဲ့
ပညာရေးဝန်ထမ်းတွေရှိသလို၊ စေတနာမပါတဲ့ ပညာရေးဝန်ထမ်းတွေလည်း ရှိနေတယ်။” ဟု ပြောသည်။
အပြောင်းအလဲတစ်ခုခုပြုလုပ်ပေးရန်လိုအပ်နေပြီဖြစ်သော
ပလက်ဝနယ်၏ ပညာရေးစနစ်ကို ယခုကဲ့သို ခရိုင်မှ စစ်ဆေးရန်ရောက်လာခြင်းခရီးစဉ်တွင် မည်သို့တုန့်ပြန်သွားလိမ့်မည်ကို
ပလက်ဝဒေသခံများ စောင့်စားမျှော်လင့်နေကြလျှက်ရှိသည်။
တေဇ



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။