ပလက်ဝ၊
အောက်တိုဘာ ၁၇--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့်
အားကာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော ဖြိုးအားကာဖလားဘောလုံးပွဲကို ယခုလ အောက်တိုဘာလအတွင်း
ကျင်းပခဲ့ရာ ရွာမဘောလုံးအသင်းနှင့် ရိက္ခာဘောလုံးအသင်းတို့သည်
ဆီမီးဖိုင်နယ်ကိုအောင်မြင်၍ ဒီနေ့ ညနေ(၄း၀၀)နာရီတွင် နောက်ဆုံးဗိုလ်လုပွဲ ကို
ဆက်လက်ကစားသွားမည်ဖြစ်သည်။
ပထမဆု ကျပ်(၂)သိန်း၊
ဒုတယဆု ကျပ်(၁)သိန်းခွဲ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒုတိယဆု
ကျပ်(၁)သိန်းခွဲ တိတိကိုမူ ဂစ္ဆပနဒီရေယာဉ်လှိုင်းအဖွဲ့မှ ဆုချီးမြင့်မည်ဖြစ်သည်။
ယခင်နှစ်များတွင်
ရိက္ခာအသင်းသည် ဆုဒိုင်းနှင့်အလှမ်းဝေးကွာခဲ့ရသော်လည်း ယခုနှစ်တွင်
အောင်မြင်မှုဒိုင်းကို ဆွတ်ခူးရန်
အားတိုက်အင်တိုက်ကြိုးစားသွားမည်ဖြစ်သည့်အလျှောက်၊ ရွာမအသင်းမှာလည်း
ဒိုင်းပိုင်ဆိုင်ရေးကို အကြိတ်အနယ် ကစားသွားမည်ဖြစ်လေရာ ဒီနေ့ညကစားမည့်
ဗိုလ်လုပွဲသည် ပလက်ဝဘောလုံးပရိတ်သတ်များအတွက် ရင်သတ်ရှုမောစွာ ကြည့်ရှုအားပေးရမည့်
ပွဲစဉ်ဖြစ်ပေလိမ့်မည်။
ဤဖလားပြိုင်ပွဲကိုအခြေခံ၍
လက်ရွေးစင်ကစားသမားများရွေးကောက်သွားဖွယ်ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောပြသည်။
တေဇ



Myanmar Kyat Converter
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။