မတူပီ-ပလက်ဝဆက်သွယ်သော ကားလမ်းဖောက်လုပ်မှု စတင်နေပြီ

Wednesday, October 17, 20121မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၁၈---ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကိုဆက်သွယ်ဖောက်လုပ်မည့် ကားလမ်း ဆောက်လုပ်ရေးအဖွဲ့ ကိုသိန်းဇော်နှသင့်အဖွဲ့ ၁၀ ဦးတို့သည် အောက်တိုဘာလ ပထမအပတ်ကတည်းက ပလက်ဝမြို့နယ်၊ နှမဒါရွာတွင် ရောက်ရှိနေပြီဖြစ်သည်။

ပလက်ဝ-ကျောက်တော်ကားလမ်းဖောက်လုပ်ရေးအဖွဲ့တို့သည်
ပလက်ဝနယ်တွင် ရောက်ရှိနေပြီဖြစ်သော်လည်း စက်ယန္တားများ ရောက်ရှိမလာသေးသောကြောင့် လုပ်ငန်း မစတင်နိုင်သေးပေ။

ချင်းလူမျိုးကြားမဟာတံတိုင်းကြီးခြားထားသကဲ့သို့ ကြုံတွေ့နေရသော ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းနိုင်ရန် ၁၃၅ မိုင်ရှည်လျားသော ပလက်ဝ-မတူပီကားလမ်းကို ဆောက်လုပ်တော့မည်ဖြစ်သောကြောင်း ချင်းတစ်မျိုးသားလုံး ၀မ်းပန်းသာနေကြရပြီဖြစ်သည်။

ယခင်ကပလက်ဝမြို့မှ ပြည်နယ်မြို့တော် ဟားခါးသို့သွားလာရာတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများကို ရေကြောင်း၊ ကုန်းကြောင်းများဖြင့် ဖြတ်ကျော်ကာ ခရီးကြာရှည်စွာ နှင်နေရသည်။ ထို့ကြောင့် ပလက်ဝမြို့သည် ချင်းပြည်နယ်ရှိအခြားမြို့များနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမှုများများမရရှိနိုင်ခဲ့လျှက်ရှိသည်။

မတူပီ-ဆမီး ကားလမ်းကိုမူ မတူပီဘက်မှ စတင်ဖေါက်လုပ်နေပြီဖြစ်ကြောင်း အင်ဂျင်နီယာ ကိုသိန်းဇော်၏ ပြောပြချက်အရ သိရသည်။
“မတူပီဘက်ကနေလည်း စတင်ဖောက်လုပ်နေပါပြီ”ဟု၎င်းကပြောသည်။

မတူပီ-ဆမီး-ပွီဝ-ပလက်ဝ စသောနေရာများကိုဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

တေဇ
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

ဆလိုင်း​​ချစ်​မိုးညို
5 May 2014 at 03:36

ကမ္ဘာမှာမြန်​မာမြန်​မာမှာကျ​နော်​တို့ချင်းပြည်​ဟာအဆင်းရဲဆုံးပါ။အဲဒါ............
လမ်းပမ်းဆက်​သွယ်​မှုကလဲတစ်​ခု​သောတရားခံ
ပါ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger