ဖြိုးအားကာဖလား ရွာမအသင်းဗိုလ်စွဲပြီး ရိက္ခာအသင်းဒုတိယနဲ့ကျေနပ်လိုက်ရ

Thursday, October 18, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၁၈---၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၁၇) ရက်နေ့ ညနေ(၃း၁၅ )နာရီတွင် ရွာမဘောလုံးအသင်းနှင့် ရိက္ခါဘောလုံးအသင်းတို့ ဖလားရရှိရေး ဗိုလ်လုပွဲတွင် အကြိတ်အနယ် ကစားခဲ့ရာ ပထမပိုင်း၄၅မိနစ်ကစားချိန်တွင် ရွာမဘောလုံးအသင်းက တစ်ဂိုးနှင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ရိက္ခာအသင်းချေပဂိုး မရရှိနိုင်ခဲ့ပေ။

ဒုတိယပိုင်းဆက်လက်ကစားခဲ့ချိန်တွင်လည်း ရိက္ခာအသင်း ဂိုးရရှိရန်စွမ်းဆောင်နိုင်မှုမရှိခဲ့ဘဲ
ရွာမအသင်း၏ ဒုတိယအကြိမ် သွင်းဂိုးကိုပေးလိုက်ရသောကြောင့် ပွဲပြီးချိန် မိနစ်၉၀ ပြည့်ချိန်အထိ ချေပဂိုးမသွင်းနိုင်သောကြောင့် နှစ်ဂိုး-ဂိုးမရှိဖြင့် ရွာမအသင်း ဖလားကို ဆွတ်ခူးသွားခဲ့ချိန်တွင် ရိက္ခာအသင်းအနေဖြင့် ယခုနှစ် ဖြိုးအားကာ ဖလားအတွက် ဒုတိယနေရာဖြင့်သာ ကျေနပ်လိုက်ရတော့သည်။

“ဒီနှစ်ကံမကောင်းပေမဲ့ နောက်နှစ်မှာ ဖလားရရှိရေး ဒီထက်ကြိုးစားသွားမှာပါ” ဟု ကစားသမားတစ်ဦးမှ ပြောသည်။

ရိက္ခာအသင်း ဒုတိယရရှိသည့်အထိမ်းအမှတ်အတွက် ရိက္ခာဘောလုံးအသင်း ကစားသမားများနှင့် ရပ်ကွက် လူကြီးများ  ၀က်တစ်ကောင်ဖြင့် အောင်ပွဲခံခဲ့ကြကြောင်း သိရှိရသည်။

တေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger