၂၀၁၃ခုနှစ်အတွက် ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန်ထုတ်ဝေမည်

Thursday, October 18, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၁၉--- နှစ်စဉ်ထုတ်နေကြဖြစ်သော ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန်ကို ခူမီးလူငယ်များအသင်း (KYA)မှ ၂၀၁၃ခုနှစ်အတွက် တာဝန်ယူ ထုတ်လုပ်မည်ဖြစ်သည်။

၂၀၁၂ခုနှစ်အတွက် မထုတ်ဝေဖြစ်ခဲ့သော ခူမီးစာပေနှင့်ယဉ်ကျေးမှုပြက္ခဒိန်ကို ယခုနှစ်တွင် ၂၀၁၃အတွက် ပြန်လည်ထုတ်ဝေရန် ခူမီးစာပေနှင့်ယဉ်ကျေးမှု၏ အစည်းအဝေးတွင် လွန်ခဲ့သော လများက သဘောတူဆုံးဖြတ်ခဲ့သည်။ ထိုသိုထုတ်လုပ်ရန် ခူမီးလူငယ်များအသင်းမှ တာဝန်ယူ ထုတ်လုပ်ရန်လည်း အဆိုတင်သွင်းခဲ့ရာမှ သဘောတူညီချက်ကြောင့် ယခုနှစ်ထုတ်မည့် ပြက္ခဒိန်အတွက် တာဝန်ယူထုတ်ဝေရန်ဖြစ်သည်ဟု ခူမီးလူငယ်များအသင်း၏ အတွင်းရေးမှူး ဦးဝှေ့တင်းမှ ခူမီးမီဒီယာသို့ပြောသည်။

ပြက္ခဒိန်၏မျက်နှာဖုံးဒီဇိုင်းကို ချင်းလေးကွန်ပျူတာဆိုင်မှ တာဝန်ယူရေးဆွဲပေးခဲ့ပြီး Printing offset
သို့အပ်ရန် ရန်ကုန်ရှိ ခူမီးလူငယ်အိုက်ပီတာလွယ်လူးအား အကူအညီတောင်း တာဝန်ပေးခဲ့သည်ဟု ၄င်းကဆက်ပြောသည်။

“ပလက်ဝကနေရန်ကုန်ကိုလာရင် ကုန်ကျစရိတ်မနည်းဘူး။ ခူမီးလူငယ်အသင်းအနေနဲ့လည်း ရန်ပုံငွေမတောင့်တင်းသေးတော့ ရန်ကုန်မှာနေတဲ့ ကိုပီတာလွယ်လူးကို အကူအညီတောင်းရတာပါ” ဟု ပြောသည်။

အစောင်ရေ ၁၀၀၀ ထုတ်ဝေမည်ဖြစ်ပြီး၊ ဈေးနှုန်းဘယ်လောက်သတ်မှတ်မည်ကိုမူ မသိရသေးပေ။

ပြီးစီးမှုအခြေအနေကို မေးမြန်းကြည့်ရာ “ မျက်နှာဖုံးဒီဇိုင်းက ပလက်ဝကနေပို့ပေးတာ ဒီမနက်ကမှ ရတာပါ.. ဘာမှမလုပ်ရသေးဘူး။ ဖယောင်းရိုက်ခိုင်းပြီး offset ကို သွားအပ်ရအုံးမှာဆိုတော့ နဲနဲတော့ ကြာအုံးမယ်ထင်တယ်” ဟု အိုက်ပီတာလွယ်လူးမှ ခူမီးမီဒီယာသို့ပြောသည်။

မျက်နှာဖုံးတွင် ပလက်ဝမြို့ကို ကုလားတန်အရှေ့ဘက်ကမ်းမှ ရိုက်ထားသည့်ပုံကိုဖော်ပြပြီး၊ မင်္ဂလာပါပလက်ဝမြို့ ဟူသောဆိုင်းပုဒ်ဘေးတွင် ခူမီးမော်ဒဲလ် ၂ယောက်ဘယ်ညာရပ်ထားသည်။ မျက်နှာစာဘေးတ၀ိုက်တွင် ပလက်ဝနယ်မှ အထင်ကရရှိသော နေရာများကိုဖော်ပြထားသည်။

အတွင်းစာမျက်နှာအပြင်အဆင်တွင် ပုံမှန်သာပြင်ဆင်မည်ဖြစ်ပြီး အင်္ဂလိပ်၊မြန်မာ၊ ခူမီးစာတမ်းများဖြင့် နေ့ရက်အမည်များကို ဖော်ပြသွားမည်ဟု သိရှိရသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger