မလေးတွင် ဂက်စ်မီးဖိုပိုက်ပေါက်ကွဲမှုကြောင့် ခူမီးအမျိုးသားတစ်ဦး ဆေးရုံတက်ရ

Friday, October 19, 20120 မှတ်ချက်



ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၉--- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ခူမီးလူငယ် အိုက် ထွန်းနိုင်ကျော် ( ၁၉)နှစ် အဘ ဦး.... နဲ့ ဒေါ် မြင့်မြင့် တို့ ၏ သား၊(ယခင် ရန်ကုန် ခူမီးဂေဟာတွင် ခိုလုံသူ) သည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိပြီး အောက်တိုဘာ (ရ) ရက်2012 နေ့ ည (ရ)နရီအချိန်တွင် ထမင်းဟင်း ချက်ပြုတ်ရင်း ဂက်စ် မီးဖို ပိုက်ပေါက်ကွဲမှု တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရခဲ့ကြောင့် သတင်းရရှိသည်။

အိုက် ထွန်းနိုင်ကျော်သည် မိမိ၏ဇာတိအရပ် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို စွန့်ခွာကာ ရန်ကုန်ရှိမိဘမဲ့ကလေးဂေဟာတွင်နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ခဲ့ပြီးနောက်တွင် မိမိ၏နေရပ်
ပလက်ဝဒေသသို့ပြန်သွားမည်ဆိုပါကလည်း လုပ်စရာရှားပါးသော အရပ်ဒေသမို့ အနာဂတ်အတွက် ရည်မှန်းလျက် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ မလေးရှားတွင် အလုပ်လုပ်ရင်း ဘ၀ဒုက္ခပင်လယ်ကြီးကို ဖြေရှင်းနေရာမှ လွန်ခဲ့သော အောက်တိုဘာ ၇ ရက်နေ့ညက မမျှော်လင့်ခဲ့သော အဖြစ်တစ်ခုနှင့် ကြုံတွေ့ရခဲ့ခြင်းဖြစ်သည်။

မီးလောင်ခြင်းခံရသော ဒဏ်ရာများကြောင့် အောက်တိုဘာ (၉) ရက် နေ့ ကွာလာလမ်ပူ ဆေးရုံကြီးတွင် တတ်ရောက်ဆေးကုသမှု ခံယူနေရသည်။ လောင်ကျွမ်းသည်မှာ မျက်နှာ၊ လည်ပင်း ၊ နား ရင်ဘက် အပေါ်ပိုင်း ၊ လက် ဘယ် ညာ တတောင်ဆစ်မှ လက်ချောင်းများ အထိနှင့် ခြေဖျားများတွင် ဒဏ်ရာများပြင်းထန်စွာ ရရှိနေသည်။ 

Paletwa Khumi Community (Malaysia)မှ  အောက်တိုဘာလ ၁၆ ရက်နေ့က  ဆေးရုံသို့ သွားရောက် အားပေး ဆုတောင်းခဲ့ကြောင်းသိရှိရသည်။

ဆေးရုံရှိ တာဝန်ရှိသူ သူနာပြုဆရာမ၏ပြောပြချက်အရ မကြာခင်ဆင်းနိုင်တော့မည်ဟု သိရသည်။
“မကြာခင်ရက်အတွင်း ဆင်းလို့ရတော့မှာပါ” ဟုပြောသွားသည်။

လိုအပ်လျက်ရှိသော ဆေးဝါးကုသစရိတ်များအတွက်  ရရှိနိုင်ရန် မိမိတို့ယုံကြည်ရာ ဘုရားထံဆုတောင်းပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger