ချင်းတောင်တန်းဖောင်ဒေးရှင်း ဆရာမန်လင်းနှင့် စကားပြောခြင်း

Friday, October 19, 20121မှတ်ချက်



KMG - ဆရာ့ရဲ့ မိဘ၊ မွေးဇာတိကိုပြောပြပါဦး။
အဖြေ- အဖေက ဦးအောင်ငေါ်၊ အမေက ဒေါ်လှစိန်။ အမေက ဆုံးသွားပါပြီ။ ကျွန်တော့်ကို ရှင်းလက်ဝအုပ်စု၊ ပက္ကလိုဝကျေးရွာတွင် မွေးဖွားပါတယ်။

KMG – CTTF ကိုဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်တွေနဲ့
အဖြေ- CTTF ကို ၂၀၁၂-ခုနှစ်၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် တည်ထောင်ပြီး ပလက်ဝမြို့တွင် NGO များ မရှိတော့သည့်အချိန်တွင် ဒေသခံဘက်က အခိုင်အမာလူမှုရေးအဖွဲ့အစည်းတစ်ခုရှိလာအောင် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်ပါတယ်။


KMG –CTTF မှာ ၀န်ထမ်းဘယ်နှစ်ယောက်ရှိလဲ ဆရာ။
အဖြေ- CTTF တွင် အချိန်ပြည့် ၀န်ထမ်းမရှိသေးပါဘူး။ အဖွဲ့ဝင်အင်အား(၁၄)ယောက်၊ တစ်ချို့ NGO 
ဝန်ထမ်း၊ တစ်ချို့က အပြင်ကပေါ့။ လုပ်ငန်းတာဝန်ယူကြတဲ့အခါ NGO နဲ့အပြင်လူတွေရောပါတယ်။ လုပ်ငန်းတစ်ခုမပြတ်အောင် NGO က လူမအားရင် အပြင်လူက တာဝန်ယူတယ်။

KMG - အရင်က ထမ်းဆောင်ဖူးတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ပြောပြပါဦး။
အဖြေ- အရင်ကနှစ်ခြင်းအသင်းတော်မှာ (၅)နှစ်ခန့် အမှုတော်ဆောင်ခဲ့တယ်။ ၂၀၁၂-ခုနှစ်တွင် (IRC-Paletwa) မှာ EH. Mobilization officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
 
KMG –CTTF ရဲ့ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်ရှိပြီဆိုတဲ့အကြောင်းကိုလည်း ဝေငှပါဦး။
အဖြေ- CTTင်္င်္F ရဲ့ အောင်မြင်မှုက မပြောပလောက်ပါဘူး။ (၁) အဖွဲ့ဝင်များကို စွမ်းဆောင်ရည်မြင့်သည့်အစီအစဉ်(၂)စဉ်ဆက်မပြတ်တိုးချဲ့ပညာသင်ယူခြင်းအစီအစဉ်(life skill) ကို ရွာလေး(၁၄-၁၅) နှစ်တို့အား ဦးဆောင်တယ်။ (၃) ရန်ကုန်မှာ (၂)ယောက်၊ ထိုင်းမှာ (၁)ဦး သင်တန်းစေလွတ်ခဲ့တယ်။Human Right Education Institute of Burma ၏ ပံ့ပိုးမှုဖြင့် စက်တင်ဘာလ(၂၃) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကျင်းပနိုင်ခဲ့တယ်။

KMG - ဘာလို့ချင်းတောင်တန်းဖောင်ဒေးရှင်းလို့ နာမည်ပေးရတာလဲ။
ချင်းတွေအားလုံးကိုယ်စားပြုအတွက်လား။ ဒါမှမဟုတ် ပလက်ဝဒေသအတွင်းမှာပဲ လှုပ်ရှားမှာလား။
အဖြေ-အဓိကတော့ ပလက်ဝမြို့နယ်အတွင်းပဲ။ နောင်တစ်ချိန်တွင် အခြေအနေပြောင်းလဲလာခဲ့ရင် အခြားမြို့နယ်တို့နှင့် လက်တွဲလုပ်သည့်အပြင် ချဲ့သင့်ရင်ချဲ့မယ်။ ဒါကြောင့် နာမည်ကို ချုံပြီး မှတ်လိုက်တာပါ။

KMG –CTTF ကိုအဓိကထောက်ပံ့ပေးတဲ့သူရှိလား။ ဘယ်သူတွေရဲ့ ပံ့ပို့မှုနဲ့ရှင်သန်နေတာလဲ။
အဖြေ - CTTF ကို ငွေရေးကြေးရေးအဖြစ်ဘယ်သူမှ မပံ့ပိုးပါဘူး။ အဖွဲ့ဝင်အားလုံးရံပုံငွေစုစည်းသည့်အပြင် အခြားရံပုံငွေရှာဖွေသည့် အစီအစဉ်လည်း အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိတယ်။ ကိုယ့်အားနဲ့ပဲရပ်တည်ပါတယ်။ နည်းပညာအချို့ကိုတော့ (IRC) က ကူညီပါတယ်။

KMG –CTTF ရှေးလုပ်ငန်းစဉ်ချထားတာတွေကိုလည်းသိခွင့်များရှိခဲ့ရင်ပြောပြပါဦး။
အဖြေ- ကျေးရွာများတွင် စာကြည့်တိုက်ငယ်များ တည်ထောင်ပေးခြင်း။
- အပြင်ကျောင်းဆရာနှင့် လူငယ်တို့အား စွမ်းဆောင်ရည်မြင့်တင်ခြင်း။
- ကျောင်းပြင်ပ ပညာရေး စီမံကိန်း။

KMG - ကုလားတန်ဘက်စုံစီမံကိန်းအပေါ် CTTF အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
အဖြေ- ကုလားတန်မြစ် ဘက်စုံစီမံကိန်းဟာ ကောင်းကြီးအများကြီးရှိပါတယ်။  ဆိုးကျိုးလည်းအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူများအနေဖြင့်ဆိုးကျိုးများကို အတတ်နိုင်ဆုံး ကာကွယ်တားဆီးရမည်။

KMG- အခွင့်အရေးရခဲ့မယ်ဆိုရင် ချင်းတောင်တန်းဖောင်ဒေးရှင်းအနေနဲ့ ပလက်ဝနယ်တိုးတက်ရေးအတွက် ဘာကိုအဓိကလုပ်ဆောင်ချင်ပါသလဲ။
အဖြေ- ဘ၀ခိုင်မာရပ်တည်ရေးအတွက် ပညာသည် အဓိကဖြစ်သောကြောင့် ပညာရေးမြင့်တင်အောင်ဦးစားပေးဆောင်ရွက်မည်။ ထိုမှတဆင့် အခြား အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မယ်။

KMG - ဆရာ့အနေနဲ့ကောပလက်ဝနယ်က ပညာရေး၊ စီးပွားရေး၊နိုင်ငံရေး၊ကျန်းမာရေးနှင့် လူမှုရေးတွေအပေါ်  ဘယ်လိုမြင်သလဲ။ သုံးသပ်ပေးပါဦး။
အဖြေ- အားလုံးဟာ ကောင်းတယ်ဆိုတဲ့ အဆင့်ကို သတ်မှတ်ဖို့ခက်ပါတယ်။ တစ်ခုစီတိုင်းမှာ ကွဲပြားစေသောအမြင်နဲ့ နေလာကြပါတယ်။ 

KMG - ယနေ့ခူမီးလူမျိုးတွေရဲ့ ရပ်တည်မှုအခြေအနေကိုဆရာအားရကျေနပ်ပါသလား။ တခြားဖြစ်စေချင်တဲ့ ဆန္ဒတွေများရှိပါသလား။
အဖြေ-လုံးဝအားမရဘူး။ အစိုးရအဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပြည်သူတစ်ရပ်လုံးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ 

KMG - တခြားကောဘာများ ဖြည့်စွက် စရာရှိပါသလဲ။
အဖြေ- ခူမီးတစ်မျိုးသားလုံးရဲ့ အရေးကို ဆောင်ရွက်သည့်အခါ လူကြီးပိုင်း၊ လူငယ်ပိုင်းဆိုပြီး သဘောထားကွဲနေတာတွေ့ရတယ်။ ဒါကို လူကြီးပိုင်းရော၊ လူငယ်ပိုင်းရော သဘောထားကြီးစွာ ခံယူတတ်ဖို့ လိုပါတယ်။

KMG – Khumi Media Group ကနေတဆင့် ဆရာရဲ့ ခူမီးလူမျိုှးအနာဂတ် မျှော်လင့်ချက်ကိုပြောပြပါဦး။
အဖြေ- ခူမီးအမျိုးစားတို့က ဦးဆောင်သော ဒေသတစ်ခုဖြစ်ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတက်မှုကို မျှော်လင့်ကြပါတယ်။ 

ဦးမာန်လင်း
စီတီတီအက်၊ ပလက်ဝမြို့။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
19 October 2012 at 23:19

Aw, achi khumi cheang i amy khumi pri kavui kalop sa u nai ly amy cheang hawi khaileaung tama hai ngai nai mang nawi ke veng bo. Cha kawp nai Nei, angai chi aw kamkawm sa nai ly hawi hai adawn kha sa u khyly tla. Amy khumi cheang ly kalang cheang chi my tamo hai y, amymy chi my kamkawm amyn hawi cheang tama hai nai neng tym ai bo. A dawn hawi hai khai sa u tla.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger