ဂက်စ်ပေါက်ကွဲမှုကြောင့် ဆေးရုံတက်ရသူ ခူမီးအမျိုးသားဆင်းရုံမှပြန်ဆင်းပြီ

Friday, October 19, 20120 မှတ်ချက်



ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၀--- အောက်တိုဘာ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ထမင်းဟင်း ချက်ပြုတ်ရင်း ဂက်စ် မီးဖို ပိုက်ပေါက်ကွဲမှုကြောင့် ဆေးရုံတက်ရူ အိုက်ထွန်းနိုင်ကျော် ၁၈ ရက်နေ့ဆေးရုံမှပြန်ဆင်းလာပြီဟု သတင်းရရှိသည်။

ယခုအချိန်တွင် အိုက်ထွန်းနိုင်ကျော်ကို ယူအန် နှင့်ပတ်သက်သည့် ဆေးကုသပေးသော လူနာဆောင် ACTS တွင် Paletwa Khumi Community (Malaysia) ၏ coordinator အိုက်လွင်လွင်မှ သွားရောက်ပို့ဆောင်ထားကြောင်း သိရှိရသည်။


လူနာ၏အခြေအနေကို ကိုလွင်လွင်မှ ဒဏ်ရာအနာကောင်းကောင်း မကြက်သေးကြောင်း၊ မကြာခင်အလုပ်ပြန်ဆင်းနိုင် တော့မည်ဖြစ်ကြာင်း ခူမီးမီဒီယာသို့ ပြောပြသည်။

“သူ့ဒဏ်ရာက ဆေးကုသမူခံယူရန်လိုနေသေးတယ်။ နောက်ပြီး PKC ရုံမှာထားရင်လည်း ဆေးရုံပုံမှန်လိုက်ပို့ပေးရမယ့် လူတစ်ယောက်လိုအပ်နေတယ်။ နောက်ပြီး အိမ်မှာထားမယ်ဆိုရင်လည်း အညော်မိမှာလည်းစိုးရိမ်ရတယ်။ မကြာခင်
သူအလုပ်ပြန်လုပ်နိုင်မှာပါ” ဟုပြောပြသည်။

အိုက်ထွန်းနိုင်ကျော်သည် အောက်တိုဘာ (၇) ရက် နေ့ ည (၇)နရီအချိန်တွင် ထမင်းဟင်း ချက်ပြုတ်ရင်း ဂက်စ် မီးဖို ပိုက်ပေါက်ကွဲမှုကြောင့် မျက်နှာ၊ လည်ပင်း ၊ နား ရင်ဘက် အပေါ်ပိုင်း ၊ လက် ဘယ် ညာ တတောင်ဆစ်မှ လက်ချောင်းများ အထိနှင့် ခြေဖျားများတွင် မီးလောင်ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အောက်တိုဘာ (၉) ရက် နေ့ ကွာလာလမ်ပူ ဆေးရုံကြီးတွင် တတ်ရောက် ဆေးကုသမှု ခံယူနေရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger