ဥရှိန်ဝရွာတွင် ကလေး ၁၅ ခန့်တစ်ချိန်တည်းတွင် ဖျားနာ

Wednesday, October 03, 20121မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ ၄--------ချင်းပြည်နယ်၊ ပလက်မြို့နယ်၊ ဒလက်မေချောင်းထဲ၊ ဥရှိန်ဝရွာတွင် ကျောင်းသား ကလေးသူငယ်(၁၅)ဦးခန့် ဖျားနာသောကြောင့် ရွာခံတစ်ယောက်မှ ၃-၁၀-၂၀၁၂ နေ့ တွင် မြို့နယ်ဆရာဝန်ထံ အသိပေး အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ၄-၁၀-၂၀၁၂ နေ့ နံနက်၈း၃၀ တွင် မြို့နယ်ဆရာဝန် ဦးကျော်မိုးနိုင်၊ ဒလက်မေကျန်းမာရေးမှူး၊ တို့အဖွဲ့သည် ၄င်းဥရှိန်ဝရွာသို့ ပလက်ဝ-တောင်ပြိုလှိုင်းစက်လှေဖြင့် တက်သွားသည်။

အထက်ပါရွာတွင် တာဝန်ကျသူဆေး သားဖွားဆရာမ ဒေါ်ဟွေ့အေးလည်း ယနေ့မနက် ရွာပြန်သွားခဲ့ကြောင်းသိရှိရသည်။

“အဲဒီရွာမှာ သားဖွားဆရာမရှိတယ်။ သူမလည်း မနေ့ကပဲ ရွာပြန်သွားတာ”ဟု ဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ပြောသည်။

ပလက်ဝမြို့နှင့် ဒလက်မေကြား မိုင် ၃၅ မိုင်ဝေးကွာပြီး ဥရှိန်ဝရွာသို့ ဒလက်မေမှ ဆက်လက်ခရီးနှင်ရသေးသည်။

 ဤသို့ဝေးလံသော ရွာများတွင် နေထိုင်သော ပြည်သူများအတွက် ဘ၀လုံခြုံမှုရှိစေရန် ဆေးဝန်ထမ်းများများ လိုအပ်ကြောင်း၊ ဆေးဝါးများ လုံလုံလောက်လောက်လိုအပ်ကြောင်း၊ တိုက်နယ်ဆေးပေးခန်းများ ရှိသင့်ကြောင်း စသည်ဖြင့် NGO ၀န်ထမ်းတစ်ဦးမှ ပြောသည်။
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

7 October 2012 at 04:34

Distance from Daletmay to U Shein Wa is about 4 miles. No transportation route, just walking and it takes about 1 hour.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger