ရန်ကုန်ခူမီးစာပေကော်မတီ၏ သင်ရိုးညွန်းတမ်းအား ပြည်နယ်သို့ ပဏာမပို့ပေးမည်

Monday, October 01, 20120 မှတ်ချက်



ရန်ကုန်၊ အောက်တိုဘာ ၂----ချင်းပြည်နယ်အစိုးရ၏ ပြဋ္ဌါန်းချက်အရ ချင်းပြည်နယ်မြို့နယ် အသီးသီးတွင် ဒေသသုံး စာပေသင်ကြားရေး သင်ရိုးပြဋ္ဌါန်းရန်တောင်းဆိုချက် အပေါ် ခူမီးစာပေလည်း ပလက်ဝနယ်တွင် သင်ကြားရေး သင်ရိုးစာအုပ်ကြမ်း ပြည်နယ်အစိုးရသို့ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့နယ်လူမှုရေးအသင်း (ရန်ကုန်)၏ စက်တင်ဘာ ၂၉ အစည်းအဝေးတွင် ခူမီးစာပေကော်မတီ (ရန်ကုန်)၏ အဆင်သင့်ပြုလုပ်ပြီးသော သင်ရိုးစာအုပ်ကြမ်းအား တင်ပြဆွေးနွေးခဲ့သည်။ ခူမီးစာပေ သင်ရိုးညွန်းတမ်းအစစ်အမှန်ကို ပလက်ဝခူမီးစာပေကော်မတီမှ ပြုလုပ်နေဆဲအချိန်တွင် ပြည်နယ်၏ အစောဆုံးလိုအပ်သော သင်ရိုးစာအုပ်များအား ပဏာမ ပေးပို့ပေးနိုင်ရန် ရန်ကုန်ခူမီးစာပေကော်မတီမှ
အရေးပေါ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကော်မတီ၏ အတွင်ရေးမှူး ဦးကံတန်းမှ ခူမီးမီဒီယာသို့ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချင်းပြည်နယ် သစ်တောရေးရာ ၀န်ကြီးကျော်ငြိမ်းနှင့် ဖုန်းပြောရာတွင် ပလက်ဝခူမီးစာပေနှင့် ယှဉ်ကျေးမှု ကော်မတီဥက္ကဌ ဦးထွန်းထံမှ ယခင်အသုံးပြုသော Primary စာအုပ်တစ်ကိုသာ လက်ခံရရှိခဲ့ကြောင်း၊ ရန်ကုန်ခူမီးစာပေအနေဖြင့် အဆင်သင့်လုပ်ထားသည့် ၁-၄တန်းအထိ သင်ရိုးညွန်းတမ်းရှိပါက ပို့ပေးရန်ပြောဆိုခဲ့သည်။

“ပလက်ဝဘက်က ကျွန်တော့်ဆီကို ပို့ပေးတာက အရင် Primary စာအုပ်ဟောင်းတစ်အုပ်ပဲ။ အခုဘယ်လိုအခြေအနေရှိပြီလဲ၊ လုပ်နေဆဲလား ဆိုတာလည်း ဘာမှအကြောင်းမကြားကြဘူး” ဟုဝန်ကြီးကျော်ငြိမ်းမှ ခူမီးမီဒီယာသို့ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁နာရီ အင်္ဂလီကန် သာသနာပိုင်ခန်းမဆောင်တွင် ပြုလုပ်သော ခူမီးလူကြီးများနှင့် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ အစည်းအဝေးတွင်
ခူမီးစာသင်ရိုးညွှန်းတမ်း ရေးဆွဲကာ စာအုပ်ကို ပြည်နယ်အစိုးရသို့ ပို့ပေးရန် ဆွေးနွေးအတည်ပြုဆုံးဖြတ်ခဲ့သည်။

ပလက်ဝမြို့နယ် အစိုးရကျောင်းတွင် ခူမီးစာသင်ကြားရေးအစီအစဉ်အတွက် သြဂုတ်လ ၂၄ နေ့ညနေပိုင်းတွင် CNP (ချင်းအမျိုးသားပါတီ) မှတာဝန်ရှိလူကြီးများဖြစသောU Zozam (Chairman)၊ SalaiCeu Bik Thawng (General Secratary)၊ Salai Hnge Pi (Secretary-1) တို့နှင့် ရန်ကုန်တွင်မှီတင်းနေထိုင်သော ခူမီးချင်းလူကြီးများ၊ သိက္ခာတော်ရဆရာတော်များ ၈ ဦးနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လှိုင်မြို့နယ်တွင် ခူမီးမီဒီယာအဖွဲ့၏စီစဉ်မှုဖြင့် ကျင်းပခဲ့သည်။

ထို့ကြောင့် စက်တင်ဘာ ၂၉ရက်နေ့ ရန်ကုန်ခူမီးစာကော်မတီ၏အဆိုအရ ၄င်းတို့ ပြုစုပြီးသော သင်ရိုးစာအုပ်များအား ပလက်ဝ စာပေကော်မတီနှင့် ညှိနှိုင်းပြီးပါက ပြည်နယ်အစိုးရသို့ ပဏာမ ပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူပင် ချင်းပြည်နယ် မြို့နယ်များတွင် ဟားခါး၊ ဖလမ်း၊တီးတိန်၊ ချို နှင့် ခူမီးစကားများကို သက်ဆိုင်ရာ မြို့နယ်များတွင် သင်ကြားနိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း သတင်းရရှိသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger