နိုဝင်ဘာလအတွင်း CYF တွေ့ဆုံဆွေးနွေးပွဲ ပလက်ဝမြို့တွင်လည်းကျင်းပမည်

Monday, October 22, 20120 မှတ်ချက်



ရန်ကုန်၊ အောက်တိုဘာ ၂၃--- ချင်းလူငယ်များတွေ့ဆုံဆွေးနွေးပွဲ (CYF) ကို ယခင်ကမြို့သုံးမြို့( ပြည်၊ ကလေး၊ ပက္ခုက္ကူ)တို့တွင်သာကျင်းပရန်လျာထားသော်လည်း ယခုအခါ ပလက်ဝမြို့(ဆမီးမြို့နယ်ခွဲအပါအ၀င်) တွင် လည်းကျင်းပတော့မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၂ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သော CYF ဖြစ်မြောက်ရေး ကော်မတီ၏ အစည်းဝေး တင်ပြချက်များအရ သိရသည်။

ပလက်ဝမြို့နယ်၏လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့်၎င်း၊ ရခိုင်ပြည်နယ်တွင်းရှိ ချင်းလူမျိုးများကို လည်းပါဝင်စေချင်၍၄င်း ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ချင်းလူငယ်များတွေ့ဆုံဆွေးနွေးပွဲ (Chin Youth Forum) ကို (၂) ရက် တိတိကျင်းပသွားမည်ဖြစ်ပြီး၊ ဆွေးနွေးချက်များကို ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာ့လူငယ်များတွေဆုံ ဆွေးနွေးပွဲတွင် တင်ပြသွားမည်ဖြစ်သည်။

ပလက်မြို့နယ် ( ဆမီးမြို့နယ်ခွဲအပါအ၀င်) လူငယ်အယောက် (၈၀) အတွက် ခရီးစရိတ်၊ စားစရိတ်များ ထောက်ပံ့ပေးရန် ရှိသည်ဟုလည်း သိရသည်။

၎င်းဆွေးနွေးပွဲကို နိုဝင်ဘာလ တတိယ အပါတ်လောက်တွင်ကျင်းပမည် ဖြစ်ပြီး တဆက်တည်းတွင် နိုဝင်ဘာလ ၁၇၊၁၈ ရက်တွင် ပလက်ဝမြို့နယ် ကျေးရွာများ၌ Myanmare Egress မှလည်း ရက်တို သင်တန်းများပေးရန် အစီစဉ်ရှိကြောင်း ၄င်းအစည်းအဝေးတွင်တက် ရောက်လာသော ကိုဖြိုးနေလင်း မှပြောပြသည်။

CYF ကျင်းပနိုင်ရေး၊  ကျင်းပမည့်နေ့ရက်၊ အချိန၊်နေရာများကို ပလက်ဝမြို့နယ်ရှိ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် ခူမီးမီဒီယာအဖွဲ့မှ တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်သည်။

ရောဘတ်တွီလင်း

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger