ခူမီးလူငယ်များပြတိုက်ပတ်ဝန်းကျင်လုပ်အားပေး

Monday, October 22, 20120 မှတ်ချက်



ပလက်ဝ၊အောက်တိုဘာ ၂၃---ပလက်ဝခူမီးလူငယ်အဖွဲ့သည် ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ (၄း၀၀)နာရီတွင် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်ရှိ ခူမီးမျိုးနွယ်စုပြတိုက်ဘေးပတ်ဝန်းကျင်အား သန့်ရှင်းရေး လုပ်အားပေးကြသည်။ လူငယ်ပေါင်း (၂၀)ကျော်ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

ခူမီးမျိုးနွယ်စုပြတိုက်သည် ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်တွင် လွန်ခဲ့သော ၃/၄နှစ်ခန့်က ငွေကြေးအခက်အခဲကြောင့် တစ်ပိုင်းတစ်စ နှင့် ရပ်ဆိုင်းထားသော
ခူမီးယဉ်ကျေးမှုပြတိုက်ကို အဆောက်အဦးဖြစ်ရေးကော်မတီသစ်မှဦးဆောင်ကာ ယခုနှစ်သြဂုတ်လတွင် စတင်ပြန်လည်ဆောက်လုပ် လျက်ရှိရာ အစိပ်အပိုင်းတော်တော်များ ပြီးစီးနေပြီဖြစ်သော အဆောက်အဦးဖြစ်သည်။

သို့သော် ကျန်ရှိနေသေးသော အစိပ်အပိုင်းများအတွက် လက်စသတ်နိုင်ရန် ငွေးကြေး သိန်း၁၀၀ ခန့်လိုအပ်နေသေးသည်ဟုလည်းသိရှိရသည်။

အလားတူလုပ်စွာပင် လွန်ခဲ့သောအောက်တိုဘာ ၆ရက်နေ့က ခူမီးလူငယ်များအသင်း (KYA)မှ ဦးဆောင်၍  မောင်မယ်လူငယ်များ စုစုပေါင်း (၄၇)ဦးခန့်တို့သည် ပလက်ဝမြို့ ၊ ပြည်သူ့ဆေးရုံ၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပလတ်စတစ်ကင်းစင်ရေး အတွက် ပလတ်စတစ်ကောက်ခြင်း၊ ဆေးရုံပန်းခြံတွင်းရှိ အမှိုက်များ၊ ဆေးရုံသုံးပုလင်းခွဲ စွန့်ပစ်အမှိုက်များနှင့် ကျောက်ပုံရှင်းလင်းခြင်း၊ ချိုင့်ဝှမ်းနေရာများတွင် မြေဖို့ခြင်း၊ ကျောက်စီခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

“အခူလိုပြုလုပ်တာက လူငယ်တွေစည်းလုံးမှုရှိပြီး သန့်ရှင်းသာယာတဲ့မြို့ဖြစ်လာဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ နောက်လည်းတခြား အစီအစဉ်တွေ လုပ်ဆောင်ဖို့ ရှိပါတယ်” ဟုဦးဆောင်သူမှပြောသည်။

ခူတေဇ
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger