Rev. Thar Zan ကျောက်ကပ်ခွဲစိပ်ရန် ရန်ကုန် ဂျပန်ဆေးရုံတွင်တက်

Monday, October 22, 20121မှတ်ချက်

ရန်ကုန်၊ အောက်တိုဘာ ၂၂---စစ်တွေသာနာပိုင်နယ်၊ ပလက်ဝ အင်္ဂလီကန်အသင်းတော် သဲမ၀ကျေးရွာ ဘုန်းတော်ကြီး သာဇံသည် ကျောက်ကပ် ကျောက် ခြစ်ရမည်ဖြစ်၍ အောက်တိုဘာ ၈ရက်နေ့တွင် ဂျပန်ဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသည်။

ရန်ကုန်မြို့၊ စိန်ဂျွန့်မှတ်တိုင်တွင်ရှိသော ဂျပန်ဆေးရုံ၏ဆေးစစ်ဆေးချက်အတိုင်း အဆိုပါကျောက်ကပ်အားခွဲစိပ်ကုသမည်ဆိုလျှင် အနည်းဆုံး သုံးသိန်းကုန်ကျမည်ဖြစ်သည်။
ဆရာတော်သည် ပလက်ဝမှ ရန်ကုန်မြို့ အင်းယားလမ်းရှိ သန့်ရှင်းသောကားတိုင် ဓမ္မကျမ်းစာကျောင်းတွင် အသင်းတော်သင်တန်းတစ်ခုတက်ရောက်ရာမှ ယခုကဲ့သို့ ဝေဒနာဖြင့် ဆေးရုံတက်ရခြင်းဖြစ်သည်။

ဆရာတော်၏ ကျောက်ကပ်အား ဘယ်နေ့ခွဲစိပ်မည်ကို အတိအကျမသိရသေးသော်လည်း ခွဲစိပ်သောပုံမှန်အချိန်ဇယားမှာ တစ်ပတ်လျှင် အင်္ဂါနှင့် ကြာသပတေး ၂ရက်သာဖြစ်သောကြောင့် ယခုအပတ် အင်္ဂါ (သို့) ကြာသပတေးတွင် မခွဲစိပ်ဖြစ်ခဲ့လျှင် လာမည့်အပတ် အင်္ဂါ (သို့မဟုတ်) ကြာသပတေးတွင် ခွဲစိပ်မည်ဖြစ်ကြောင်း ဦးစိုးသိမ်းမှ ပြောပြသည်။

“ဒီအပတ်ခွဲမလား၊ နောက်အပတ်မှခွဲဖြစ်မလားတော့ အတိအကျမသိရသေးဘူး” ဟုပြောသည်။

ဆရာတော်သည် ကျောက်ကပ်ခွဲစိပ်ကုသရန် ဆေးရုံတွင် ၂ပတ်ခန့် စောင်းဆိုင်းနေလျှက် ရှိသည်။

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
22 October 2012 at 03:54

Khumi amjo,amnau achi bawibawi Rev. Tha Zin i palen no hawi ai nai kavui angpo tameuh te chiu sa atho lo u si na ba. Ati cheungkhang ly angpo tameuh i keu theung ai awm nai tla. Rev. Tha zin no nai ly hawi ai teu mang ba.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger